ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်နိုင်ငံအနေဖြင့် ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ လက်ရှိတာဝန်ဝတ္တရား နှင့် အကဲဖြတ်ချင့်ချိန်တွက်ချက်မှုအရ ဒေါ်လာ သန်း ၂၀၀ ကျော် ငွေကြေး ထည့်ဝင်သွားရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒတ်ကာ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ဆီနီဂေါနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ်ကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက လက်ခံရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည် ၆၀ ဦးခန့် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် တူးမြောင်းတစ်ခုထဲ ထိုးကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း စုစုပေါင်း ၅၀ လောင်း ကို ရှာဖွေတွေ့ရှိထားကြောင်း ခရိုင်အုပ်ချုပ်ရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ် Sidhiခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၄၅)ဦးထိ မြင့်တက်လာခဲ့ကြောင်း ယင်းပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhanက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။
လူဆာကာ ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အာဖရိက ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဖေဖော်ဝါရီ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၇၆၀,၈၅၄ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၉၈,၉၆၂ ဦးထိရှိခဲ့ကြောင်း ၊ ရောဂါမှ ပြန်လည်သက်သာလာသူ...