Connect with us

WORLD

ဆီနီဂေါနိုင်ငံက တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ပထမသုတ်လက်ခံရရှိ

ဆီနီဂေါနိုင်ငံနိုင်ငံ ဒတ်ကာမြို့သို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၂ ရက်က တရုတ်နိုင်ငံအစိုးရမှ ထောက်ပံ့ပေးအပ်သော ဒုတိယသုတ်ဆေးဘက်ဆိုင်ရာ အကူအညီများ ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဒတ်ကာ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ဆီနီဂေါနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ်ကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက လက်ခံရရှိခဲ့ကြောင်း သိရသည်။

Blaise Diagne အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပပြုလုပ်သည့် ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ဆီနီဂေါနိုင်ငံသမ္မတ Macky Sall ၊ သမ္မတကတော် Marieme Faye Sall ၊ အဆင့်မြင့် အစိုးရအရာရှိကြီးများ ၊ ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Senegal Xiao Han နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ဌာနေကိုယ်စားလှယ်များ အသီးသီးတက်ရောက်ခဲ့ကြသည်။

ပထမသုတ် ကာကွယ်ဆေး အလုံးရေ ၂ သိန်း တင်ဆောင်လာသော ဆီနီဂေါအမျိုးသားလေကြောင်းလိုင်းမှ အထူးလေယာဉ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ဆီနီဂေါနိုင်ငံ Blaise Diagne အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ဆီနီဂေါသမ္မတ Sall က မိန့်ခွန်းပြောကြားရာတွင် ယခုပမာဏ ကာကွယ်ဆေးများအဆင်ပြေချောမွေ့စွာ ပေးပို့ရန် စီမံဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် “ အခုလိုရှုပ်ထွေးခက်ခဲတဲ့ လုပ်ငန်းစဉ်ကြီး” အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့သည့် တရုတ်သံအမတ်ကြီး Xiao အား ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုပေးပို့သည့် Sinopharm ကာကွယ်ဆေး အလုံးရေ ၂ သိန်းဖြင့် ဆီနီဂေါနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစဉ်ကို စတင် အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် လာမည့် ရက်သတ္တပတ်များတွင် နောက်ထပ် ကာကွယ်ဆေး အလုံးရေ ၆.၇၉၈ သန်းကို ထပ်မံ လက်ခံရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆီနီဂေါနိုင်ငံတွင် နိုင်ငံ့လူဦးရေ ၃.၅ သန်းကျော်ဖြစ်သော ပြည်သူ ၂၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ပထမအဆင့်အနေဖြင့် စီစဉ်ထားကြောင်း သိရသည်။

ဆီနီဂေါနိုင်ငံတွင် လက်ရှိတွင် COVID-19 ရောဂါကူးစက်ခံထားရသူ ၃၁,၇၇၁ ဦးရှိပြီး ၎င်းတို့အနက် ရောဂါ ပြန်လည်သက်သာပျောက်ကင်းသူ ၂၆,၀၉၅ ဦး နှင့် သေဆုံးသူ ၇၆၉ ဦး အသီးသီးရှိကြောင်း သိရသည်။  (Xinhua)

—————————-
(English Version)
Senegal receives first batch of Chinese COVID-19 vaccine
DAKAR, Feb. 17 (Xinhua) — Senegal on Wednesday night received the first batch of China’s Sinopharm COVID-19 vaccine.
Senegalese President Macky Sall, First Lady Marieme Faye Sall, senior government officials, Chinese Ambassador to Senegal Xiao Han and representatives of the World Health Organization also attended the delivery ceremony at Blaise Diagne International Airport.
The first batch of 200,000 doses of vaccine were conveyed by a special flight of the national company Air Senegal from Beijing.
Speaking at the ceremony, President Sall first expressed his “sincere thanks” to his Chinese counterpart Xi Jinping for the acquisition of these doses of vaccine.
He also thanked Ambassador Xiao for the follow-up of “this complex operation”.
Apart from these 200,000 doses of Sinopharm vaccine, Sall said that his country has started the process of acquiring other vaccines, and will receive 6.798 million doses in the coming weeks for mass vaccination.
The country plans to vaccinate 20 percent of its population, which is about 3.5 million people, in the first phase of mass vaccination.
Senegal has so far reported 31,771 COVID-19 cases with 26,095 recoveries and 769 deaths. Enditem

Photo shows the second batch of medical aids offered by Chinese government to Senegal in Dakar, Senegal, April 22, 2020.