Connect with us

North America

အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ ဒေါ်လာသန်း ၂၀၀ ကျော် ထည့်ဝင်မည်ဟုဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ်အပြင်ပိုင်းမြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်နိုင်ငံအနေဖြင့် ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ လက်ရှိတာဝန်ဝတ္တရား နှင့် အကဲဖြတ်ချင့်ချိန်တွက်ချက်မှုအရ ဒေါ်လာ သန်း ၂၀၀ ကျော် ငွေကြေး ထည့်ဝင်သွားရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးဆိုင်ရာတာဝန်ဝတ္တရားတွေကို အပြည့်အဝဖော်ဆောင်ဖို့ အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ် ” ဟု COVID-19 ကပ်ရောဂါဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဗီဒီယိုရုပ်သံအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် ဘလင်ကန်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။

“အနာဂတ်မှာ သူ့ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကျွန်တော်တို့က လုပ်ဆောင်နေလင့်ကစား WHO အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုံ့ပြန်ရေးမှာ ဦးဆောင်ဖို့ သူ့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အသစ်ကို ထင်ဟတ်စေပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးတွင် WHO အနေဖြင့် လွဲမှားစွာ ကိုင်တွယ်ဆောင်ရွက်နေကြောင်း စွပ်စွဲချက်ဖြင့် ယခင်သမ္မတဒေါ်နယ်ထရမ့်အစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် WHO အဖွဲ့မှ အမေရိကန်နိုင်ငံ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ငွေကြေးထောက်ပံ့မှုကိုလည်း အခြားသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများထံ ပြောင်းလဲထောက်ပံ့မှု ပြုလုပ်ခဲ့ရာ ပြည်တွင်းပြည်ပ ဝေဖန်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် သမ္မတရာထူးလက်ခံရယူပြီး ပထမဆုံးရုံးထိုင် တာဝန်ထမ်းဆောင်သည့်နေ့မှာပင် WHO မှ နုတ်ထွက်ကြောင်း ယခင်သမ္မတ(ဟောင်း)၏ ဆုံးဖြတ်ကို ပြန်လည် ပြင်ဆင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ (Xinhua)
—————————-
(English Version)
U.S. to pay over 200 mln dollars to WHO

WASHINGTON, Feb. 17 (Xinhua) — U.S. Secretary of State Antony Blinken said on Wednesday that the United States intends to pay over 200 million U.S. dollars in assessed and current obligations to the World Health Organization (WHO) by the end of this month.
“This is a key step forward in fulfilling our financial obligations as a WHO member,” Blinken said in his remarks to a virtual UN Security Council briefing on COVID-19.
“It reflects our renewed commitment to ensuring the WHO has the support it needs to lead the global response to the pandemic, even as we work to reform it for the future,” he added.
Accusing the WHO of mishandling the pandemic, the previous Donald Trump administration last year announced U.S. withdrawal from the organization and redirected its funding for the body to other UN assessments, which led to criticisms at home and abroad.
President Joe Biden, on his first day in office, reversed his predecessor’s decision of withdrawing from the WHO.
Photo taken on Jan. 22, 2020 shows an exterior view of the headquarters of the World Health Organization (WHO) in Geneva, Switzerland. (Xinhua/Liu Qu)