Connect with us

WORLD

(နိုင်ငံတကာ ကပ်ရောဂါသတင်းစုစည်းချက်) အာဖရိကတိုက်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၃.၇၆ သန်းကျော်အထိရှိလာ ၊ နိုင်ငံအများအပြားတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံရသူများတွေ့ရှိ

အာဖရိကတိုက် အီသီယိုးပီးယားနိုင်ငံ မြို့တော်တွင် အမျိုးသမီးတစ်ဦး နှာခေါင်းစည်း ဝယ်ယူနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လူဆာကာ ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အာဖရိက ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဖေဖော်ဝါရီ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၇၆၀,၈၅၄ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၉၈,၉၆၂ ဦးထိရှိခဲ့ကြောင်း ၊ ရောဂါမှ ပြန်လည်သက်သာလာသူ ၃,၃၀၅,၄၉၁ ဦးရှိကြောင်း ၊ လတ်တလောရက်ပိုင်းတွင် အာဖရိကတိုက်ရှိ နိုင်ငံအများအပြားတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါကူးစက်ခံရသူများကို တွေ့ရှိခဲ့ကြောင်း အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဇင်ဘာဘွေနိုင်ငံ ပြန်ကြားရေးဝန်ကြီး Mutsvangwa က ဖေဖော်ဝါရီ ၁၆ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဇင်ဘာဘွေနိုင်ငံ ဓာတ်ခွဲခန်း၏ စစ်ဆေးမှုအရ တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် ဇင်ဘာဘွေနိုင်ငံတွင် ပျံ့နှံ့နေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ၊ ယင်းအမျိုးအစား ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး သည် ကူးစက်မှု ပိုမိုလျှင်မြန်သဖြင့် ဇင်ဘာဘွေ နိုင်ငံမှ ကာကွယ်ရေးဆောင်ရွက်မှုများကို တင်းကျပ်စွာ ဆောင်ရွက်ရန် အလွန်လိုအပ်နေကြောင်း ၊ ၊ ဇင်ဘာဘွေနိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇင်ဘာဘွေနိုင်ငံ တွင်အချိန် ၆ ပတ်ကြာဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အဆင့် ၄ အဆင့်ရှိသော Lockdown ဆောင်ရွက်မှုကို နောက်ထပ် အချိန် ၂ ပတ်ထပ်မံတိုးမြှင့်ကာ ရောဂါပိုး ပျံ့နှံ့မှုကို တားဆီးသွားမည်ဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံ သမ္မတ Mnangagwa က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယူဂန္ဓာနိုင်ငံ ရောဂါပိုးသုတေသနဌာန အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး က လတ်တလောရက်ပိုင်း အတွင်း ယူဂန္ဓာနိုင်ငံ ၌ ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးတစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ၊ A23 ဟု အမည်ပေးထားသည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် ယူဂန္ဓာနိုင်ငံ မြောက်ပိုင်းဒေသရှိ COVID-19 ရောဂါကူးစက်ခံထားရသူများတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် A23 ရောဂါပိုး၏ မူလအရင်းအမြစ်ကို မသိရှိသေးဘဲ ကူးစက်မှုလျင်မြန်ခြင်းရှိမရှိကိုလည်း မသိရှိသေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဂါဘွန်းနိုင်ငံ က ဖေဖော်ဝါရီ ၁၅ ရက်၌ နိုင်ငံအတွင်း ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းရောဂါပိုးသည် ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးနှင့်တူညီကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Guinea-Bissau နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အဆင့်မြင့်ကော်မတီ က ဖေဖော်ဝါရီ ၁၅ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် နိုင်ငံအတွင်း ဗြိတိန်နိုင်ငံ၌ တွေ့ရှိခဲ့သော ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၂၆ ဦး နှင့် တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိသော ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁ ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို အာဖရိကနိုင်ငံများတွင် ဆက်လက်၍ တွန်းအားပေးဆောင်ရွက်နေကြောင်းသိရှိရသည်။ တောင်အာဖရိကနိုင်ငံကျန်းမာရေးဝန်ကြီး Mkhize က ဖေဖော်ဝါရီ ၁၆ ရက်၌ လွှတ်တော်တွင်ဖြေကြားရာ၌ တောင်အာဖရိကနိုင်ငံအနေဖြင့် အမေရိကန် Johnson & Johnson ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၉ သန်းကို မှာယူခဲ့ကြောင်း ၊ Johnson & Johnson မှထုတ်လုပ်သော ကာကွယ်ဆေးသည် တောင်အာဖရိကနိုင်ငံမှ တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါအား ကာကွယ်နိုင်သည့် ထိရောက်မှုမှာ ၅၇ ရာခိုင်နှုန်းဖြစ်ပြီး ရောဂါဝေဒနာဆိုးရွားစွာဖြစ်ပေါ်ခြင်း သို့မဟုတ် သေဆုံးခြင်း တို့ကို ကာကွယ်ပေးနိုင်ကြောင်း ၊ မတ်လလကုန်ပိုင်းအချိန်တွင် တောင်အာဖရိကနိုင်ငံအနေဖြင့် Pfizer ကုမ္ပဏီ မှ ထုတ်လုပ်သော ကာကွယ်ဆေး အခုရေ သန်း ၂၀ ခုကို ရရှိနိုင်ဖွယ်ရှိကြောင်း ၊ တောင်အာဖရိကနိုင်ငံအနေဖြင့် AstraZeneca ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည့် အတွက် လက်ဝယ်ရှိ အခုရေ ၁ သန်းသော AstraZeneca ကာကွယ်ဆေးများကို အာဖရိကသမဂ္ဂ မှ တစ်ဆင့် အာဖရိတိုက်ရှိ အခြားလိုအပ်သောနိုင်ငံများကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Guinea-Bissau နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အဆင့်မြင့်ကော်မတီ အဖွဲ့ဝင်က ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားရာတွင် Guinea-Bissau နိုင်ငံ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်အား စတင်ရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း ၊ နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ COVAX အစီအစဉ် မှ AstraZeneca ကာကွယ်ဆေး အခုရေ ၁၄၄,၀၀၀ ကို မကြာခင်ရရှိနိုင်မည်ဖြစ်ပြီး မတ်လ ပထမအပတ်မှစတင်၍ အန္တရာယ်များသော လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသူ ၅ သောင်းခန့်ကို ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီရီယာလီယွန်နိုင်ငံ သမ္မတ နှင့် ဂီနီယာ နိုင်ငံ သမ္မတ တို့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဂီနီယာနိုင်ငံ မြို့တော်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်၍ နှစ်နိုင်ငံ နယ်စပ်အား ပြန်လည်ဖွင့်လှစ်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆီရီယာလီယွန်နိုင်ငံအနေဖြင့် COVID-19 ရောဂါ၏ သက်ရောက်မှု ကြောင့် ယခင်နှစ်မတ်လ၌ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဂီနီယာ နိုင်ငံနှင့် နယ်စပ်ဂိတ်များအား ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————–
(Chinese Version)
(国际疫情)综合消息:非洲新冠确诊超376万例 多国报告变异病毒感染病例

  新华社卢萨卡2月16日电综合新华社驻非洲地区记者报道:非洲疾病预防控制中心16日发布的数据显示,非洲累计确诊新冠病例达到3760854例,累计死亡98962例,累计治愈3305491例。近日,非洲多国报告变异新冠病毒感染病例。

  津巴布韦新闻部长穆茨万古瓦16日在记者会上表示,通过实验室分析检测,证实在南非发现的变异新冠病毒已开始在津巴布韦传播。她表示,考虑到这种变异病毒传播速度更快,津政府实施严格的防疫措施是非常必要的。她还表示,该国将从18日启动疫苗接种工作,首先为一线医护人员接种。15日,津总统姆南加古瓦宣布将已实施6周的4级“封城”措施再延长2周,以遏制病毒的传播。

  乌干达病毒研究所执行主任庞蒂亚诺•卡利布日前表示,该国发现了一种新的变异新冠病毒。这种被称作A23的变异病毒首先在乌干达北部的一些新冠感染者中发现。目前,尚不清楚A23变异病毒的来源,也不知道它是否更易传播。

  加蓬15日宣布在该国检测出变异新冠病毒,与英国发现的变异病毒相同。几内亚比绍抗击新冠高级委员会15日在新闻发布会上表示,该国已经检测到26例感染英国发现的变异病毒病例和1例感染南非发现的变异病毒病例。

  新冠疫苗接种工作正在非洲国家持续推进。南非卫生部长穆凯兹16日在议会表示,南非已经预订了900万剂美国强生公司研发的新冠疫苗;3月底时,南非还可能收到2000万剂辉瑞新冠疫苗。穆凯兹说,强生疫苗对抗南非发现的变异新冠病毒的有效率为57%,并可有效防止出现危重病例或死亡。他说,鉴于南非已经决定停止阿斯利康疫苗注射,现有的100万剂阿斯利康疫苗将通过非盟转给其他有需要的非洲国家。

  几内亚比绍抗击新冠高级委员会高级专员罗巴洛16日表示,几内亚比绍已经准备好实施全国疫苗接种计划,将很快在世卫组织“新冠肺炎疫苗实施计划”内获得14.4万剂阿斯利康新冠疫苗,预计于3月第一周开始实施第一阶段接种计划,为大约5万名高风险人员接种。

塞拉利昂总统比奥与几内亚总统孔戴16日在几内亚首都科纳克里会面,双方决定于18日重开两国边界。受新冠疫情影响,塞拉利昂于去年3月宣布关闭与邻国几内亚的边界。(执笔记者:赵宇鹏;参与记者:张改萍、王松宇、邢建桥、汪平、张玉亮、滕军伟、荆晶、乔本孝、郑扬子、许正)(完)

Photo
1月9日,在埃塞俄比亚首都亚的斯亚贝巴,一名女士在街上购买口罩。新华社发(迈克尔•特韦尔德 摄)