ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကော့ခ်ဘဇား ၊ ဒါကာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၃၉၂ ကီလိုမီတာ တွင်ရှိသော နှစ်ရက်တာ ကျင်းပခဲ့သည့် စွန်လွှတ်ပွဲတော်သည် ကော့ဘဇားကမ်းခြေ ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ပါရီ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ် အရှေ့ပိုင်းရှိ နှင်းလျောစီးအပန်းဖြေစခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။