Connect with us

Latin America

ကိုလံဘီယာနိုင်ငံတွင် ဘရာဇီးနိုင်ငံ၌ တွေ့ရှိခဲ့သော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ စတင်တွေ့ရှိ

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာ တွင် နှာခေါင်းစည်းတပ်၍ ဈေးရောင်းနေသူ တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကိုလံဘီယာနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်၌ ပြောကြားရာတွင် နိုင်ငံအတွင်း ပထမဦးဆုံးသော ဘရာဇီးနိုင်ငံ၌ တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကိုလံဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်တွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရထားရသူ မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် ဘရာဇီးနိုင်ငံနယ်စပ်မြို့ဖြစ်သည့် Tabatinga မြို့မှ ကိုလံဘီယာနိုင်ငံသို့ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး ဘရာဇီး နှင့် ကိုလံဘီယာ နှစ်နိုင်ငံနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကြောင်း ၊ ယခင်ရက်ပိုင်းများတွင် ကိုလံဘီယာနိုင်ငံတောင်ပိုင်းရှိ Leticia မြို့တွင် COVID-19 ရောဂါ ဆေးဝါးကုသမှုခံယူခဲ့ပြီး လက်ရှိချိန်တွင် ပြန်လည်သက်သာလာသဖြင့် နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်နေသူဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုလံဘီယာနိုင်ငံ သမ္မတ Iván Duque Márquez က နိုင်ငံအတွင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်၌ တရားဝင်စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကိုလံဘီယာနိုင်ငံအစိုးရ ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ်အရ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုများ ၊ အသက် ၆၀ အောက် အခြေခံရောဂါရှိသည့် အရွယ်ရောက်ပြီးသူများ ၊ မူလတန်း နှင့် အထက်တန်း မှ ကျောင်းဆရာများသည် ကာကွယ်ဆေးဦးစားပေးထိုးနှံခံရမည့်သူများ ဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်လကာလအတွင်း ကိုလံဘီယာနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှု သိသာစွာ ပြန်လည်မြင့်တက်လာခဲ့ပြီး ကိုလံဘီယာနိုင်ငံ ကျန်းမာရေး အင်စတီကျူ ၏ စာရင်းပြုစုချက်အရ ဇန်နဝါရီ ၂၉ ရက် ၂၁ နာရီအချိန်ထိ ကိုလံဘီယာနိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂,၀၇၇,၆၃၃ ဦးရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၃,၂၈၄ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际疫情)哥伦比亚报告首例巴西出现的变异新冠病毒感染病例

  新华社波哥大1月30日电(记者高春雨)哥伦比亚卫生和社会保障部30日宣布,该国确诊首例巴西出现的变异新冠病毒感染病例。
  哥卫生和社会保障部当天在社交媒体上说,患者是一名24岁的女性,来自巴西边境城市塔巴廷加,拥有巴西和哥伦比亚双重国籍。该患者数日前在哥南部边境城市莱蒂西亚一家医院接受新冠治疗,目前已康复并居家隔离。
  哥伦比亚总统杜克29日说,该国疫苗接种工作将于2月20日正式开始。根据哥政府公布的全国疫苗接种计划,包括医护人员、60岁以上老人、60岁以下有基础疾病的成年人和中小学教师等在内的群体将优先获得疫苗服务。
  近两个月来,哥伦比亚疫情反弹明显。据哥国家卫生研究院统计,截至1月29日21时,该国累计新冠确诊病例2077633例,累计死亡病例53284例。(完)

10月24日,戴着口罩的商贩在哥伦比亚首都波哥大等待顾客。 新华社发(约翰•帕斯摄)