Connect with us

North America

အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၆ သန်းကျော်ထိ ရောက်ရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ National Mall အဆောက်အဦရှေ့တွင် နှာခေါင်းစည်းတပ်ဆင်၍ လမ်းလျှောက်သွားလာနေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ဇန်နဝါရီ၃၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၆ သန်းကျော်ထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၂ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၉၂၂ နာရီ) အထိ အမေရိကန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ၂၆,၀၁၂,၈၈၀ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၃၈,၂၃၉ ဦးရှိခဲ့ကြောင်း CSSE က ဆိုသည်။ကယ်လီဖိုးနီးယားပြည်နယ်သည် ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး အတည်ပြုလူနာ ၃ သန်းကျော် ( ၃,၂၉၃,၇၆၂ ဦး) ထိ ရှိခဲ့သည်။ယင်းနောက်တွင် တက္ကဆက်စ်ပြည်နယ်က အတည်ပြုလူနာ ၂ သန်းကျော် (၂,၃၅၆,၁၇၂ ဦး) ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပြီး ဖလော်ရီဒါပြည်နယ်က ၁,၇၁၃,၅၈၉ ဦး ၊ နယူးယောက်ပြည်နယ်က ၁,၄၀၈,၆၉၈ ဦး နှင့် အီလီနွိုက်ပြည်နယ်က ကူးစက်မှု ၁.၁ သန်းကျော်ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်း အတည်ပြုလူနာ ၆ သိန်းအထက် ရှိသော ပြည်နယ်များအနေဖြင့် ဂျော်ဂျီယာ ၊ အိုဟိုင်းအိုး ၊ ပင်ဆူဗေးနီးယား ၊ မြောက်ကယ်ရိုလိုင်းနား ၊ အရီဇိုးနား ၊ တန်နက်ဆီ ၊ နယူးဂျာစီ ၊ အင်ဒီယားနား နှင့် မစ်ချီဂန်ပြည်နယ်တို့က အသီးသီး ရှိနေကြောင်း CSSE ၏ စာရင်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ် တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအများဆုံး နှင့် သေဆုံးမှုအများဆုံး နိုင်ငံအဖြစ် အဆိုးရွားဆုံး ရပ်တည်နေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးကူးစက်မှု၏ ၂၅ ရာခိုင်နှုန်းကျော် နှင့် တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း သိရသည်။၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ သန်း ၂၀ ရှိခဲ့ရာ တစ်လအတွင်း အတည်ပြုလူနာ ၆ သန်းအထိ တိုးပွားလာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဇန်နဝါရီ ၂၉ ရက်က အမေရိကန်နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ် ၃၀ ကျော်တွင် မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၄၃၇ ခု တွေ့ရှိကြောင်း အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) က သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ကူးစက်မြန် မျိုးဗီဇကွဲကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နိုင်ငံအတွင်း သေဆုံးမှု မြင့်တက်လာနိုင်သလို လူအချင်းချင်းကြား ကူးစက်မှုသည်လည်း ပိုမိုလျင်မြန်လွယ်ကူနိုင်ကြောင်း CDC က သတိပေးထားသည်။ (Xinhua)

————————————————
(English Version)

U.S. COVID-19 cases surpass 26 mln — Johns Hopkins University

NEW YORK, Jan. 30 (Xinhua) — The total number of COVID-19 cases in the United States topped 26 million on Saturday, according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University.

U.S. COVID-19 case count rose to 26,012,880, with a total of 438,239 deaths, as of 2:22 p.m. local time (1922 GMT), according to the CSSE tally.
California reported the largest number of cases among the states, standing at 3,293,762. Texas confirmed 2,356,172 cases, followed by Florida with 1,713,589 cases, New York with 1,408,698 cases, and Illinois with more than 1.1 million cases.

Other states with over 600,000 cases include Georgia, Ohio, Pennsylvania, North Carolina, Arizona, Tennessee, New Jersey, Indiana and Michigan, the CSSE data showed.
The United States remains the nation worst hit by the pandemic, with the world’s most cases and deaths, making up more than 25 percent of the global caseload and nearly 20 percent of the global deaths.

U.S. COVID-19 cases reached 20 million on Jan. 1, and have increased by 6 million within a month.
The U.S. Centers for Disease Control and Prevention (CDC) reported 437 cases caused by variants from more than 30 states as of Friday. The agency warned that the emerging variants may make the coronavirus cause more severe disease and spread more easily between humans. Enditem

Photo caption – A man wearing a face mask walks on the National Mall in Washington, D.C., the United States, on Jan. 1, 2021.