Connect with us

MYANMAR

၁၀ရက်အတွင်း COVID-19 ပိုးတွေ့ရှိမှု၁.၇ ရာခိုင်နှုန်းဖြင့် စံချိန်သစ်တင် အနိုမ့်ဆုံးဖြစ်ခဲ့

နှာခေါင်းစည်းဖြင့် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 အတည်ပြုလူနာသစ် ၂၈၁ ဦး တွေ့ရှိပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၁.၇ ရာခိုင်နှုန်းရှိခဲ့ရာ ၁၀ ရက် အတွင်း အနိုမ့်ဆုံး ပမာဏဖြင့် စံချိန်သစ်တင် ကျဆင်းခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည် ။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲ နမူနာပေါင်း ၁၆,၂၇၉ ဦးအားစစ်ဆေးခဲ့ကြောင်းနှင့် ယနေ့အထိ ဓာတ်ခွဲ နမူနာ စုစုပေါင်း ၂,၃၉၀,၃၄၇ ခု စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ဇန်နဝါရီ ၂၂ရက်တွင်၂.၄ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၂၃ ရက်တွင် ၂.၅ ရာခိုင်နှုန်း ၊ဇန်နဝါရီ ၂၄ ရက်တွင် ၂.၅ ရာခိုင်နှုန်း ၊ဇန်နဝါရီ ၂၅ ရက်တွင် ၂.၁ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ၂.၁ရာခိုင်နှုန်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ၂.၆ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၂၈ ရက်တွင် ၂.၁ရာခိုင်နှုန်း ၊ဇန်နဝါရီ ၂၉ ရက်တွင် ၂.၀ ရာခိုင်နှုန်း ၊ဇန်နဝါရီ ၃၀ ရက်တွင် ၂ .၁ ရာခိုင်နှုန်းနှင့် ဇန်နဝါရီ ၃၁ ရက်တွင် ၁.၇ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြောင်း သိရသည်။

ယနေ့ သေဆုံး လူနာ ၆ ဦးရှိပြီး ရောဂါ အခံ ရှိသူများ ဖြစ်ကြောင်း သိရသည်။ ယနေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၃၁ ဦး ရှိကြောင်း ၊ ယနေ့ ဆေးရုံ ဆင်းခွင့်ရှိသူ ၆၃၁ ဦးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူစုစုပေါင်း ၁၂၅,၀၇၂ဦး ရှိကြောင်းသိရသည်။ (Xinhua)