Connect with us

Europe

တရုတ်နိုင်ငံ Sinopharm က ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ဟန်ဂေရီ နိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိ

ဟန်ဂေရီ နိုင်ငံ ဘူဒါပက်မြို့ရှိ ဘူတာရုံ တစ်ခုတွင် လူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘူဒါပက် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဘာသပြန်/စိုးမိုး

ဟန်ဂေရီနိုင်ငံ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် Cecília Müller က တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး အား ဟန်ဂေရီ နိုင်ငံအတွင် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၂၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

Cecília Müller က သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအကြောင်းအရာ အား ကြေညာခဲ့ခြင်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ အမျိုးသား ဆေးပညာ နှင့် အဟာရ သုတေသန အနေဖြင့် ဇန်နဝါရီ ၂၉ ရက်၌ တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ကို စစ်ဆေးမှု အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orbán က ဇန်နဝါရီ ၂၉ ရက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မိမိအနေဖြင့် တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးအပေါ် လွန်စွာယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ COVID-19 ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဇန်နဝါရီ ၂၉ ရက်ထုတ်ပြန်ကြေညာချက် အရ ဟန်ဂေရီနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၄၅၉ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၃၆၄,၉၀၉ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၈၃ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၂,၃၇၄ ဦး နှင့် ရောဂါ မှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၂၅၄,၇၈၃ ဦးရှိကြောင်း သိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际疫情)中国国药集团新冠疫苗获准在匈牙利使用

  新华社布达佩斯1月29日电(记者袁亮)匈牙利首席医疗官米勒•塞西莉亚29日宣布,中国国药集团生产的新冠疫苗已获准在匈牙利使用。
  米勒当天在新闻发布会上宣布了这一消息。她说,匈牙利国家药学与营养研究所29日通过了对中国国药集团生产的新冠疫苗的审批。
  匈牙利总理欧尔班当天早些时候在接受当地媒体采访时表示,他对中国的新冠疫苗很有信心。
匈牙利新冠疫情防控中心29日公布的数据显示,该国过去24小时新增确诊病例1459例,累计确诊364909例;新增死亡病例83例,累计死亡12374例;累计治愈254783例。(完)

Photo

2020年10月14日,人们戴着口罩走在匈牙利布达佩斯的一个火车站内。(新华社发,弗尔季•奥蒂洛摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.