ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လီမာ၊ မေ ၂၈ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံမြောက်ပိုင်းတွင် မေ ၂၆ ရက် အစောပိုင်း တွင် လှုပ်ရှားခဲ့သည့် အင်အားကြီး ငလျင်ကြောင့် သေဆုံးသူ ၂ ဦး ရှိကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးစင်တာ (COEN) က မေ ၂၇ ရက် တွင် ပြောသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ထူးဟန်သစ်ကုမ္မဏီလုပ်ကွက်ရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မေ ၂၇ ရက် ညပိုင်း အလုပ်ဆင်းချိန်၌ မီသိန်းဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်က ပြောကြားသည်။