နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်၊ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 အတည်ပြုလူနာသစ် ၂၈၁ ဦး တွေ့ရှိပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၁.၇ ရာခိုင်နှုန်းရှိခဲ့ရာ ၁၀ ရက် အတွင်း အနိုမ့်ဆုံး ပမာဏဖြင့် စံချိန်သစ်တင် ကျဆင်းခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည်...
ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရန် အစည်းအဝေး လျာထားချက်အား ယနေ့ ထုတ်ပြန်ခဲ့သည်။
ဘူဒါပက် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဘာသပြန်/စိုးမိုး ဟန်ဂေရီနိုင်ငံ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် Cecília Müller က တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး အား ဟန်ဂေရီ နိုင်ငံအတွင် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ...
ဘိုဂိုတာ ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကိုလံဘီယာနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်၌ ပြောကြားရာတွင် နိုင်ငံအတွင်း ပထမဦးဆုံးသော ဘရာဇီးနိုင်ငံ၌ တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း...