Connect with us

Europe

အင်္ဂလန်နိုင်ငံတွင် ဗီဇပြောင်း COVID ဗိုင်းရပ်စ်အသစ်တွေ့ရှိသဖြင့် ဒေသအတော်များများ၌ အတင်းကြပ်ဆုံးကန့်သတ်ချက်များ သတ်မှတ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Leicester Square အနီး အမျိုးသမီးတစ်ဦးလမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ဗီဇသစ်နှစ်မျိုး တွေ့ရှိသဖြင့် နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဒေသအတော်များများကို သတိပေးအဆင့်အမြင့်ဆုံးဖြစ်သော ကန့်သတ်ချက်အဆင့် ၄ သို့ ထည့်သွင်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ် (Matt Hancock) က ဒီဇင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။

COVID-19 ရောဂါ ပျံ့နှံ့မှုကို တိုက်ဖျက်ရန် အက်စ်ဆက်စ်ပြည်နယ်ရှိ Sussex ၊ Oxfordshire ၊ Suffolk ၊ Norfolk ၊ Cambridgeshire စသည့်ကောင်တီများအနေဖြင့် လက်ရှိတွင် ကန့်သတ်ချက်အတင်းကြပ်ဆုံးအဆင့်တွင် မပါဝင်သေးသော်လည်း Surrey ကောင်တီရှိ Waverley နယ်မြေနှင့် Hampshire ကောင်တီများကိုမူ ခရစ္စမတ်ပြီးနောက်တစ်နေ့ (ဒီဇင်ဘာ ၂၆ ရက်) တွင် ကန့်သတ်ချက်အဆင့် ၄ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ဟန်ကွတ်က ဒေါင်းနင်းလမ်းရှိ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပါလီမန်အဆောက်အအုံရှေ့ရှိ လူသူကင်းမဲ့နေသည့် ဝက်ဘ်မင်စတာတံတားကို တွေ့ရစဉ် (ဆင်ဟွာ)

Bristol ၊ Gloucestershire ၊ Somerset ၊ Swindon ၊ the Isle of Wight ၊ the New Forest နှင့် Northamptonshire တို့အပြင် Cheshire နှင့် Warrington စသည့်နယ်မြေများမှာမူ ကန့်သတ်ချက်အဆင့် ၃ သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပိုမိုတင်းကြပ်သော ဆောင်ရွက်ချက်များအရ ကန့်သတ်ချက်အဆင့် ၄ ဧရိယာတွင် နေထိုင်သူများအနေဖြင့် ကန့်သတ်ထားသော ခြွင်းချက်များနှင့်အတူ နေအိမ်၌ပင် နေထိုင်ရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် တတ်နိုင်ပါက နေအိမ်မှပင် အလုပ်လုပ်ကြရန်နှင့် ယင်းဧရိယာသို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း မပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် အခြားသော နိုဗယ်ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ် ဗြိတိန်တွင်တွေ့ရှိခဲ့ကြောင်းနှင့် ကူးစက်မှုနှစ်ဦးရှိခဲ့ကြောင်း ဟန်ကွတ်က ပြောခဲ့သည်။

“အဲဒီနှစ်ဦးစလုံးက လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က တောင်အာဖရိကကို ခရီးသွားခဲ့သူတွေနဲ့ ထိတွေ့ခဲ့သူများဖြစ်ပါတယ်” ဟု Hancock က ဆိုသည်။

အဆိုပါမျိုးကွဲသစ်သည် “ပိုမို ကူးစက်လွယ်သည့်အပြင် ကူးစက်မှုက အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း” ၎င်းက ပြောခဲ့သည်။
ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ရောဂါဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ် နေထိုင်စေပြီး ဗြိတိန်အစိုးရက တောင်အာဖရိကမှ ခရီးသွားလာမှုကို “အရေးပေါ်ကန့်သတ်မှုများ” ပြုလုပ်ခဲ့ကြောင်း ဟန်ကွတ်၏ အဆိုအရ သိရသည်။

ပြီးခဲ့သည့်ရက်သတ္တနှစ်ပတ်အတွင်း တောင်အာဖရိကသွားခဲ့သူ နှင့် တောင်အာဖရိကတွင် ရှိခဲ့သူတစ်ဦးဦးနှင့် ထိတွေ့ခဲ့သူတိုင်း ချက်ချင်း အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ကြောင်း ဟန်ကွတ်က ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများက အဆိုပါ ဗီဇပြောင်း ဗိုင်းရပ်စ်အသစ်အကြောင်းကို ယခုတိုင် လေ့လာနေဆဲဖြစ်ပြီး “ချမှတ်ထားတဲ့စနစ်က ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်မယ်လို့ ယုံကြည်တယ်” ဟု အင်္ဂလန်ပြည်သူ့ကျန်းမာရေး မှ ဒေါက်တာ Susan Hopkins ၏ ပြောဆိုမှုကို ကိုးကားလျက် Sky News က သတင်းဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ကူးစက်မှုမြင့်တက်နေသည်ကို တိုက်ဖျက်မည့် အစီအစဉ်များချမှတ်ရန် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဗြိတိန်ဝန်ကြီးများတွေ့ဆုံခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရက ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသည့် ဒေသများကို ယခုထက်ပို၍ အများပြည်သူ ရောဂါစမ်းသပ်စစ်ဆေးမှုများ တိုးချဲ့ပြုလုပ်လျက်ရှိကြောင်း Hancock က ဆိုသည်။

“ဒီတော့ ကျွန်တော်တို့ လူတွေကို ခွဲခြားနိုင်မှာပါ။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးရှိနေပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာမပြတဲ့သူ သုံးဦးအနက် တစ်ဦးကို ခွဲခြားနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက နေ့စဉ်အမြင့်ဆုံးကူးစက်မှုအဖြစ် နောက်ထပ် လူ ၃၉,၂၃၇ ဦး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်း ရောဂါအတည်ပြုလူနာဦးရေ ၂,၁၄၉,၅၅၁ ဦး ရှိကြောင်း ဒီဇင်ဘာ ၂၃ ရက်က တရားဝင်အချက်အလက်များအရ သိရသည်။

ယခုအခါ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်သည့် သေဆုံးသူ စုစုပေါင်း ၆၉,၀၅၁ ဦး ရှိကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။

ပုံမှန်လူနေမှုဘဝအနေအထားပြန်လည်ရောက်ရှိရန် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် စသည့်နိုင်ငံများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိရန် အချိန်နှင့်အမျှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
More England areas put into tightest restrictions as new COVID variant found in UK
Source: Xinhua| 2020-12-24 02:02:41|Editor: huaxia
LONDON, Dec. 23 (Xinhua) — British Health Secretary Matt Hancock on Wednesday announced that more areas of the East and South East of England will be put into Tier Four restrictions, the highest level, while revealing that two cases of another new variant of the novel coronavirus have been identified in Britain.
To curb the spread of COVID-19, Sussex, Oxfordshire, Suffolk, Norfolk, Cambridgeshire, parts of Essex that are not currently in the tightest restrictions, Waverley in Surrey and Hampshire will all enter Tier Four from Boxing Day, Hancock said at a virtual press conference at Downing Street.
Bristol, Gloucestershire, Somerset, Swindon, the Isle of Wight, the New Forest and Northamptonshire, as well as Cheshire and Warrington, will enter Tier Three, he said.
Under the new tougher measures, residents in Tier Four areas must stay at home, with limited exemptions. People are also urged to work from home when they can, and should not enter or leave those areas.
Meanwhile, Hancock also said that another new variant of the novel coronavirus has been detected in Britain, and two cases have been reported so far.
“Both are contacts of cases who have travelled from South Africa over the past few weeks,” said Hancock.
This new variant is “yet more transmissible” and the development is “highly concerning”, he said.
Cases and close contacts of cases found in Britain are being quarantined, and the British government is placing “immediate restrictions” on travel from South Africa, according to Hancock.
Anyone who has been in South Africa in the last fortnight and anyone who has been a close contact of someone who has been in South Africa in the past two weeks must quarantine immediately, said Hancock.
Experts are still learning about this new variant, and “we are pretty confident that the system we have in place will help control the spread”, Sky News quoted Dr Susan Hopkins, from Public Health England, as saying.
The press conference was held after British ministers met on Wednesday morning to hammer out plans to combat a rising number of infections in the country.
Meanwhile, Hancock said that the government is expanding community testing yet further in areas where the rate of infection is highest.
“So we can identify people, and especially to identify the around one in three people, who carry the virus without displaying any symptoms at all,” he said.
Another 39,237 people in Britain have tested positive for COVID-19, the highest daily increase since the start of the pandemic in the country, bringing the total number of coronavirus cases in the UK to 2,149,551, the official data showed Wednesday.
The total number of coronavirus-related deaths in Britain now stands at 69,051, the data said.
To bring life back to normal, countries such as Britain, China, Germany, Russia and the United States are racing against time to develop coronavirus vaccines. Enditem
1- A woman walks on an empty street near Leicester Square in London, Britain, on Dec. 21, 2020. (Xinhua/Han Yan)
2- Photo taken on Dec. 21, 2020 shows the empty Westminster Bridge in front of Houses of Parliament in London, Britain. (Xinhua/Han Yan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.