ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလား အလာကောင်းများရှိနေဆဲဖြစ်ကြောင်း ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄၇) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း စုစုပေါင်း အတည်ပြုလူနာ (၁၁၆,၁၃၄) ဦးရှိပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏...
ဒါကာ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း Joypurhat ဒေသတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရထားနှင့် ခရီးသည်တင်ယာဉ် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ရေးသားသူ/ဟေမာန် COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများအတွက် ပုဂ္ဂလိက ဓာတ်ခွဲခန်းနှင့် ဆေးရုံများကို ခွင့်ပြုပေးပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ယနေ့ ပြောကြားခဲ့သည်။