Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် ရထားနှင့်ခရီးသည်တင်ယာဉ် တိုက်မိမှုဖြစ်ပွား ၊ လူ ၁၂ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရထားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း Joypurhat ဒေသတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရထားနှင့် ခရီးသည်တင်ယာဉ် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ် နှင့် ရထားတစ်စီးတို့ သည် ရထားသံလမ်းကူး တစ်နေရာ၌ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။ လူ ၁၀ ဦး အချင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သလို ဒဏ်ရာရသူ ၈ ဦးကို ယင်းဒေသရှိဆေးရုံတစ်ခုသို့ ပို့ဆောင်၍ကုသပေးခဲ့ရာ ၂ ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရထားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရထားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရထားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရထားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆုံးသူအားလုံးသည် ခရီးသည်တင်ယာဉ်ပေါ်မှဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ရထားသံလမ်းကူးတွင် အချက်ပြ စောင့်ကြည့်ပေးသူ၏ နမော်နမဲ့နိုင်မှုကြောင့် ယခုကဲ့သို့ မတော်တဆ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကဦးစိစစ်ချက်များအရ သိရသည်။
ယခုနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့ပြီး ထိုသို့ ဖြစ်ပွားရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ မော်တော်ယာဉ်အနေအထားကောင်းမွန်မှုမရှိခြင်း၊ ယာဉ်မောင်းသူတို့ စည်းကမ်းချိုးဖောက်ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)
#Bangladesh, #Train, #Accident, #Xinhua, #ဘင်္ဂလားဒေ့ရှ်, #ယာဉ်မတော်တဆမှု, #ရထား, #ဆင်ဟွာ
——————————————————
(Chinese Version)

(国际)孟加拉国火车与客车相撞导致12人死亡

  新华社达卡12月19日电(记者刘春涛)孟加拉国西北部焦伊布尔哈德地区19日早晨发生一起火车与客车相撞事故,导致至少12人死亡、6人受伤。
 当地警方表示,事故发生在一个铁路道口,一辆客车在经过道口时与一列火车相撞。10人当场死亡,另有8名伤者被送往当地医院救治,其中两人在医院不治身亡。警方说,死者均来自客车。
  当地警方初步认定,道口看守人员疏忽导致此次事故。
近年来,孟加拉国交通事故频发,道路状况差、车况差、司机违章驾驶等是交通事故频发的主要原因。(完)

图说: 这是12月19日在孟加拉国西北部焦伊布尔哈德地区拍摄的火车与客车相撞事故现场。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.