Connect with us

MYANMAR

ယနေ့ COVId-19 အတည်ပြုလူနာ (၉၄၇) ဦးတွေ့ရှိ၊ အတည်ပြုလူနာစုစုပေါင်း (၁၁၆,၁၃၄) ဦးထိရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄၇) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း စုစုပေါင်း အတည်ပြုလူနာ (၁၁၆,၁၃၄) ဦးရှိပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ COVID-19 ကြောင့် သေဆုံးသူ (၁၉)ဦး ရှိပြီး၊ ယင်းတို့အနက် ရောဂါအခံရှိသူ (၁၅)ဦးရှိကြောင်း သိရသည်။ ယနေ့ COVID-19 ဓာတ်ခွဲနမူနာပေါင်း(၂၀,၅၂၆) ခု စစ်ခဲ့ပြီး ပိုးတွေ့ရှိမှု (၄ဒသမ၆) ရာခိုင်နှုန်းရှိကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၅၉၄,၆၅၄)ခု စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ယနေ့အဆေးရုံမှ ဆင်းခွင့်ရှိသူ (၁,၂၆၉)ဦးရှိရာ စုစုပေါင်းဆေးရုံဆင်းခွင့်ရရှိသူ (၉၅,၃၈၇) ဦးရှိလာကြောင်း သိရသည်။ (Xinhua)