ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး ဥရောပသမဂ္ဂနှင့်ဗြိတိန်အကြား အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နိုင်ရန်ရှိမရှိ ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ဒီဇင်ဘာ ၉ ရက် ညပိုင်း လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်းတစ်ခုထဲသို့ ဒီဇင်ဘာ ၉ ရက်က F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း နှင့် ယင်းတိုက်လေယာဉ်မှူးအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီး ဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိ အီမောဘွန်ရေခဲတောင်သို့ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသသစ်တစ်ခု ကို COVID-19 အလွန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးခိုင်ဝင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။
အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။