Connect with us

Europe

အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နိုင်ရန် ရှိမရှိ ဥရောပသမဂ္ဂနှင့် ဗြိတိန်အကြား ယခုအပတ်အတွင်း ဆုံးဖြတ်မည်

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ဒီဇင်ဘာ ၉ ရက်က ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

ဥရောပသမဂ္ဂနှင့်ဗြိတိန်အကြား အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နိုင်ရန်ရှိမရှိ ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ဒီဇင်ဘာ ၉ ရက် ညပိုင်း လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

Ursula von der Leyenက ယင်းနေ့ညပိုင်းတွင် ဘရပ်ဆဲလ် ဥရောပသမဂ္ဂရုံးချုပ်သို့ လာရောက်သည့် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးမှုအတွင်း ကွဲလွဲမှုကြီးများကို ပြန်လည်စေ့စပ်နိုင်ခြင်းမရှိသဖြင့် သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က မဖြေရှင်းရသေးတဲ့ ပြဿနာတွေကို အသေအချာဆွေးနွေးခဲ့ပါတယ်။”ဟုUrsula von der Leyen ဆိုသည်။ တစ်ဖက်၏ ရပ်တည်ချက်ကို နှစ်ဖက်စလုံးက အပြန်အလှန်နားလည်ကြသော်လည်း ကွဲလွဲမှုများက ဆိုးဝါးနေဆဲဖြစ်ကြောင်း ၊ ဆွေးနွေးပွဲစကားဝိုင်းကို ချက်ချင်း ပြန်လည်စတင်ရန်နှင့် ကျန်ရှိနေသည့် ပြဿနာများကို နည်းလမ်းရှာ ဖြေရှင်းရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။

ဘောရစ်ဂျွန်ဆင်သည် ကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးမှု၏ အရေးကြီးအတားအဆီးများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ဖြေရှင်းနိုင်မှု ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ ဗြိတိန် သတင်းမီဒီယာများက ဖော်ပြထားသည်။ သဘောတူညီချက်ရနိုင်မည့် နည်းလမ်းအားလုံးကို ဘောရစ်ဂျွန်ဆင်က ကြိုးစားလိုကြောင်း ဆိုသည်။

Brexit သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်ရစ်သည့် ပြဿနာအချို့ကို ဒီဇင်ဘာ ၈ ရက်တွင် သဘောတူညီချက်ရရှိခဲ့ရာ အထူးသဖြင့် အိုင်ယာလန်နှင့်မြောက်အိုင်ယာလန် နယ်စပ်အရေးကိစ္စများ ပါဝင်ကြောင်း သိရသည်။ မျှတသည့်ယှဉ်ပြိုင်မှုပတ်ဝန်းကျင်၊ သဘောတူညီချက်ကို အကောင်အထည်ဖော်စီမံမှုနှင့် ငါးလုပ်ငန်းကဏ္ဍများတွင် ကြီးမားသည့် ကွဲလွဲမှုများရှိခဲ့ရာ ကုန်သွယ်ရေးသဘောတူညီချက် နှစ်ဖက်စေ့စပ်ညှိနှိုင်းမှု များသည် အကျပ်အတည်းဖြစ်နေခဲ့သည်။

ဗြိတိန်သည် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်ခဲ့ပြီးနောက် အသွင်ကူးပြောင်းမှု ကာလအနေဖြင့် ၁၁ လကြာ အချိန်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။ မတ်လမှစ၍ ကုန်သွယ်ရေး သဘောတူညီချက်ကို ဗဟိုပြုသည့် အနာဂတ်ဆက်ဆံရေး စေ့စပ်ညှိနှိုင်းမှုများ စတင်ခဲ့ပြီး အသွင်ကူးပြောင်းရေးကာလတွင် သဘောတူညီချက်ရရှိရန် ဆောင်ရွက်လျက်ရှိသည်။

အကယ်၍ အသွင်ကူးပြောင်းရေးကာလတွင် သဘောတူညီချက်မရရှိပါက ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြားကုန်သွယ်ရေးသည် ၂၀၂၁ ခုနှစ်မှစ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မူဘောင်အောက်တွင် နယ်စပ်စစ်ဆေးရေးနှင့်အကောက်အခွန်လုပ်ငန်းများကို ပြန်လည်စီစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)  

(国际)欧英将在本周内决定是否继续未来关系谈判

新华社布鲁塞尔12月10日电(记者沈忠浩 金晶)欧盟委员会主席冯德莱恩9日晚通过社交媒体表示,欧盟与英国将在本周结束前就是否继续进行未来关系谈判作出决定。
冯德莱恩当晚在布鲁塞尔欧盟总部与到访的英国首相约翰逊举行会谈。然而,双方未能弥合贸易协议谈判中的重大分歧,会谈没能取得突破。
 “我们就(谈判中)悬而未决的问题进行了生动有趣的讨论。”冯德莱恩表示,虽然双方互相理解对方立场,但分歧依然严重。她敦促双方立即重回谈判桌,设法解决遗留问题。
 英国媒体当晚援引英国首相府消息人士的话说,约翰逊与冯德莱恩就贸易协议谈判中的“重大障碍”进行了坦诚讨论,但尚不清楚这些障碍能否被克服。不过,约翰逊希望尝试所有可能达成协议的途径。  
欧盟与英国8日已就执行“脱欧”协议有关遗留问题原则上达成一致,尤其是涉及爱尔兰和北爱尔兰边界事宜。
由于在公平竞争环境、履约管理和渔业问题上存在重大分歧,双方的贸易协议谈判持续陷入僵局。
英国今年1月31日正式“脱欧”,随后进入为期11个月的过渡期。双方3月启动以贸易协议为核心的未来关系谈判,期待在过渡期内达成协议。若未达成协议,双方贸易自2021年起将回到世界贸易组织框架下,重新实施边检和关税等安排。(完)

图说1-2 – 12月9日,英国首相约翰逊(左)与欧盟委员会主席冯德莱恩抵达比利时布鲁塞尔的欧盟总部,准备进行会晤。新华社发(欧盟供图)
图说3 – 12月9日,在比利时布鲁塞尔,(从左至右)英国“脱欧”谈判首席代表弗罗斯特、英国首相约翰逊、欧盟委员会主席冯德莱恩以及欧盟负责与英国谈判的首席代表巴尼耶在会晤后合影。 新华社发(欧盟供图)