Connect with us

Asia

အိန္ဒိယတွင် ထူးဆန်းသည့်ရောဂါတစ်မျိုးကြောင့် လူ ၅၀၀ ကျော် ဆေးရုံတက်ကုသမှုခံယူရ၊ ၎င်းရောဂါမှာ ဓာတ်သတ္တုကြောင့် ဖြစ်နိုင်ဟုဆို

အိန္ဒိယနိုင်ငံ အီလုရူမြို့တွင် ရောဂါဖြစ်ပွားသော ကလေးငယ်တစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

အီလုရူ(Eluru)မြို့တွင် ဒီဇင်ဘာ ၅ ရက်က အမည်မသိ ရောဂါတစ်မျိုးဖြစ်ပွားခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးရုံတက်ပြီး ဒီဇင်ဘာ ၆ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၈ ရက်အထိ ယင်းရောဂါမျိုးကြောင့် ဆေးရုံတက်သူ ၁၃၀ ကျော် ရှိနေသေးကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်များအရ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်သည်ကို တွေ့ရှိရကြောင်း ယင်းကဲ့သို့ အလေးစီးဓာတ်သတ္တု(Heavy Metal)က ထူးဆန်းသည့်ဤရောဂါမျိုး ဖြစ်ပွားသည့် အကြောင်းအရင်းဖြစ်နိုင်ကြောင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် ဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ ဓာတုနည်းပညာ သုတေသနဌာန အစရှိသည့် နိုင်ငံတော်အဆင့် သုတေသနဌာနများက စစ်ဆေးစမ်းသပ်မှုများ ပို၍ လုပ်ဆောင်နေပြီဖြစ်ပြီး ၎င်းရောဂါဖြစ်ပွားပုံအသေးစိတ်အကြောင်းအရင်းရလဒ်ကို အမြန်ဆုံးသိရှိရတော့မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထူးဆန်းသည့်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေသူ ၅၀၅ ဦးရှိပြီး ၎င်းတို့အနက် ၃၇၀ သည် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်းနှင့် ကျန်သူများမှာ ဆက်လက်ကုသမှုခံယူနေကြောင်း အီလုရူ(Eluru)မြို့ အစိုးရအရာရှိ Himanshu Shuklaက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

Himanshu Shuklaက လူနာများ၏ သွေးနမူနာကို စစ်ဆေးရာတွင် ခဲနှင့် နီကယ် ဓာတ်သတ္တုပါဝင်မှုမြင့်မားနေသည်ကို တွေ့ရကြောင်း၊ အစိုးရအနေဖြင့် အီလုရူ(Eluru)မြို့နှင့် အနီးဝန်းကျင်ကျေးရွာဒေသများတွင် ရေသန့်စင်သည့် အရင်းအမြစ်ကို ရှာဖွေစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေးအရာရှိ ၂ ဦးသည်လည်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ်အစိုးရအား ကူညီ၍ ယင်းရောဂါအားစစ်ဆေးလျက်ရှိရာ ရေနမူနာစုဆောင်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် Sputnik သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

ထိုရောဂါမျိုးကြောင့် ဆေးရုံတက်သူ ၈၀၀ ကျော် ရှိပြီဖြစ်ပြီး ယနေ့အထိ စစ်ဆေးချက်များအရ ၎င်းရောဂါသည် ကူးစက်ရောဂါမဟုတ်ကြောင်း အီလုရူမြို့ရှိ West Godavariဒေသ အရာရှိ တစ်ဦးက Sputnikကို ပြောကြားခဲ့သည် ဟု သိရသည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာ ပညာရှင် ၃ ဦးကို အီလုရူ(Eluru)မြို့သို့ စေလွှတ်၍ ၎င်းရောဂါ အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ၎င်းရောဂါ၏ လက္ခဏာများသည် အကြောဆွဲခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်းစသည့် ဝက်ရူးပြန်ရောဂါလက္ခဏာနှင့်ဆင်တူပြီး ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်သည် အရွယ်မရောက်သေးသူများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————-

(Chinese Version)  

500多人住院 印度怪病或由重金属引发

印度东南部安得拉邦政府8日说,饮用水中的铅和镍可能是埃卢鲁市一种不明疾病暴发的原因。
  埃卢鲁市5日出现这种不明疾病,一名45岁男性住院患者6日去世。截至8日,仍有130多人因患这种怪病住院。  安得拉邦首席部长办公室8日在声明中说,初步检测在饮用水中发现铅和镍,这些重金属可能是这种“神秘疾病”暴发的原因。
  声明说,印度化学技术研究所等国家级研究机构正在做更多检测,很快将得出结果,揭开这种疾病的详细成因。 埃卢鲁市政府官员希曼舒•舒克拉8日说,505人因患这种怪病住院,其中370人已出院,其他人仍在医院接受治疗。
  舒克拉说,检测发现患者血液样本中铅和镍含量高,政府正在埃卢鲁市及周边农村地区检测和净化水源。
世界卫生组织一名发言人8日告诉俄罗斯卫星通讯社,世卫组织两名卫生干事正在协助安得拉邦政府调查这种疾病,正在收集和检测水样本。
  埃卢鲁市所在的西戈达瓦里地区官员多拉•乔希•罗伊告诉卫星通讯社,超过800人患上这种怪病,迄今检测显示这种疾病不会传染。
  印度卫生部已派3名医学专家到埃卢鲁市调查这种怪病。这种疾病的症状与癫痫类似,包括抽搐、呕吐、头晕头痛、短暂昏厥,患者包括300多名未成年人。(吴宝澍)【新华社微特稿】