ဆိုးလ်၊ဒီဇင်ဘာ ၈ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တောင်ကိုရီးယားနိုင်ငံသည် လူပေါင်း ၄၄ သန်းစာ သို့မဟုတ် နိုင်ငံ့စုစုပေါင်းလူဦးရေး၏ ၈၈ ရာခိုင်နှုန်းအတွက် COVID-19 ရောဂါကာကွယ်ဆေးများကို နိုင်ငံခြားဆေးဝါးကုမ္ပဏီများထံမှ ရရှိရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဂျင်တီးနားနိုင်ငံတွင် COVID-19 ကပ်ရောဂါဒုတိယလှိုင်းဖြစ်ပေါ်လာနိုင်ရာ ပြည်သူများအနေဖြင့် လူချင်းခပ်ခွာခွာနေခြင်းနှင့် ကောင်းမွန်သည့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်များ ဆက်လက် လုပ်ဆောင်ကြရန် အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရုရှားတိုက်လေယာဉ်များက ပင်လယ်နက်ပေါ် ဖြတ်ကျော်ပျံသန်းလာသည့် အမေရိကန်နှင့်ပြင်သစ် တို့၏ ကင်းထောက်လေယာဉ်များကို ဒီဇင်ဘာ ၇ ရက်က ကြားဖြတ် ဟန့်တားခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ (NDCC)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ Smithsonian ၏ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ တောရိုင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းနှင့် ပန်ဒါကြီးမျိုး သုတေသနပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို သက်တမ်းတိုးလိုက်ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
တီဟီရန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက်သည် မှတ်ကျောက်တိုင်ဖြစ်ရာ အသစ်တစ်ဖန်ပြန်လည် ဆွေးနွေးရန် လက်ခံမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Said Khatibzadက ဒီဇင်ဘာ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။