Connect with us

WORLD

အာဂျင်တီးနားနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းအတွက် တာဝန်ရှိသူများ သတိပေး

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်တွင် ခွေးနှင့်အတူ လမ်းလျှောက်နေသော နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အာဂျင်တီးနားနိုင်ငံတွင် COVID-19 ကပ်ရောဂါဒုတိယလှိုင်းဖြစ်ပေါ်လာနိုင်ရာ ပြည်သူများအနေဖြင့် လူချင်းခပ်ခွာခွာနေခြင်းနှင့် ကောင်းမွန်သည့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်များ ဆက်လက် လုပ်ဆောင်ကြရန် အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

ဗျူနိုအေးရိစ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Daniel Gollan နှင့် အမျိုးသား သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနကောင်စီ ကိုရိုနာဗိုင်းရပ်စ်ယူနစ် ညှိနှိုင်းရေးမှူး Jorge Geffner တို့က ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော ဆောင်ရွက်ချက်များကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။

အာဂျင်တီးနားနိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသော အတည်ပြုလူနာအားလုံး၏ ၄၂.၉၅ ရာခိုင်နှုန်းသည် ဗျူနိုအေးရိစ်ပြည်နယ်မှ ဖြစ်ရာ အစုလိုက်အပြုံလိုက်ကူးစက်မှုကြီးတစ်ခုဖြစ်ကြောင်းနှင့် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်ကြောင်း Gollan က “10” နှင့် “AM750” အသံလွှင့်ဌာနများသို့ ပြောကြားခဲ့သည်။
“ကာကွယ်ဆေးဟာ တစ်ရက်တည်းနှင့် အရာအားလုံးကို မဖြေရှင်းပေးနိုင်တဲ့အတွက် ရောဂါကာကွယ်ရေးဆောင်ရွက်ချက်တွေကို မဖြစ်မနေ ထိန်းသိမ်းလုပ်ဆောင်ရမှာပါ” ဟု Gollan က မှတ်ချက်ပြုခဲ့သည်။

FutuRock အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ရောဂါခုခံအားပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Geffner က “၂၀၂၁ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလတွင် ဒုတိယလှိုင်းဖြစ်ဖို့ အလားအလာအလွန်ရှိနေပါတယ်” “ကာကွယ်ဆေးတွေက လှိုင်းငယ်လေးတစ်ခုသာဖြစ်ပြီး ဆူနာမီမဖြစ်စေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Geffner ကထပ်လောင်းပြောဆိုခဲ့သည်။

အာဂျင်တီးနားနိုင်ငံတွင် မတ် ၃ ရက်က COVID-19 ရောဂါ ပထမဆုံးကူးစက်မှုတွေ့ရှိချိန်မှစ၍ ဒီဇင်ဘာ ၇ ရက်အထိ အတည်ပြုလူနာအရေအတွက် ၁,၄၆၆,၃၀၉ ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၃၉,၈၈၈ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#Argentina, #COVID_19, #Secondwave, #Buenos Aires, #Xinhua, #အာဂျင်တီးနား, #ဒုတိယလှိုင်း, #ဗျူနိုအေးရိစ်, #ဆင်ဟွာ

…………………………………………

(English Version)

Argentine officials warn of second wave of COVID-19

BUENOS AIRES, Dec. 7 (Xinhua) — Argentine authorities on Monday urged the public to continue social distancing and practicing good hygiene as a second wave of the COVID-19 pandemic is looming.

Daniel Gollan, secretary of health of Buenos Aires Province, and Jorge Geffner, coordinator of the Coronavirus Unit at the National Council for Scientific and Technical Research, agreed on the need to maintain sanitary measures to prevent significant outbreaks.

In Buenos Aires province, where 42.95 percent of all national cases have been registered, there have been “a lot of mobility” and causes for concern, Gollan told local radio stations “10” and “AM750.”

Prevention measures must be maintained “because the vaccine does not solve everything in a day, it takes months,” Gollan noted.

In an interview with the radio station “FutuRock,” Geffner, a specialist in immunology, said “a second wave for March or April” of 2021 “is very likely.” “We hope that with vaccines it will not be a tsunami, but a small wave,” Geffner added.

Argentina registered its first case of COVID-19 on March 3 and reported 1,466,309 cases of infection and 39,888 deaths from the disease as of Monday. Enditem

A woman wearing a face mask walks a dog in Buenos Aires, Argentina, July 17, 2020. (Photo by Martin Zabala/Xinhua)