Connect with us

Asia

တောင်ကိုရီးယားနိုင်ငံသား ၈၈ ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးရရှိမည်ဟု ဆို

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ရှိ Seomun ဈေးထဲတွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများအား ၂၀၂၀ ပြည့်နှစ် မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ်၊ဒီဇင်ဘာ ၈ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တောင်ကိုရီးယားနိုင်ငံသည် လူပေါင်း ၄၄ သန်းစာ သို့မဟုတ် နိုင်ငံ့စုစုပေါင်းလူဦးရေး၏ ၈၈ ရာခိုင်နှုန်းအတွက် COVID-19 ရောဂါကာကွယ်ဆေးများကို နိုင်ငံခြားဆေးဝါးကုမ္ပဏီများထံမှ ရရှိရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံကျန်းမာရေး နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက နိုင်ငံ့လူဦးရေ ၃၄ သန်းအတွက် Pfizer ၊ Moderna နှင့် AstraZeneca ကုမ္ပဏီများထံမှ နှစ်ကြိမ်ထိုးနှံရန်လိုအပ်သည့် ကာကွယ်ဆေး သန်း ၂၀ စီကို အသီးသီးကြိုတင်မှာယူထားခဲ့သည့်အပြင် Johnson & Johnson’s Janssen ကုမ္ပဏီထံမှ တစ်ကြိမ်ထိုးနှံပေးရန်လိုအပ်သည့် ကာကွယ်ဆေး လေးသန်းကိုလည်း မှာယူထားခဲ့ကြောင်း ဆိုသည်။

ကြိုတင်မှာယူမှုအတွက် AstraZeneca ကုမ္ပဏီနှင့် တရားဝင်လက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်ကြောင်း နှင့် အခြား မှာယူမှုများအတွက်လည်း မကြာခင်လက်မှတ်ရေးထိုးသွားနိုင်ရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တောင်ကိုရီးယား ပြည်သူ ၁၀ သန်းအတွက် ကျန်ရှိနေသေးသော ကာကွယ်ဆေးများကို COVAX ဟု ခေါ်ဆိုသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးစီမံကိန်းထံမှ ရရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများ ဝယ်ယူရန်အတွက် ဘက်ဂျတ်ငွေ တောင်ကိုရီးယားဝမ် ၁.၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ) တစ်လုံးတစ်ခဲတည်းရရှိရန် အစိုးရက စီစဉ်ထားသည်။

ကြိုတင်မှာယူထားသော ကာကွယ်ဆေးများသည် တောင်ကိုရီးယားနိုင်ငံသို့ လာမည့်နှစ် ဖေဖော်ဝါရီလတွင် ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ၊ အကယ်၍ လိုအပ်ပါက နိုင်ငံအနေဖြင့် အခြားသောကာကွယ်ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးများ ထပ်မံ ဖြည့်စွက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှု နှင့် အာနိသင်ပြည့်ဝမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေစဉ်အတွင်းမှာပင် ဆေးဝါးထုတ်လုပ်မှုအပိုင်းသည် အပြည့်အဝ ပြီးမြောက်ခြင်းမရှိသေးသည့်အတွက် ကာကွယ်ဆေးထိုးနှံမှုအချိန်ဇယားနှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ပထမဆုံးကာကွယ်ဆေးထိုးနှံမှုကို သက်ကြီးရွယ်အိုများ ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာများမှ လူများ နှင့် ကျန်းမာရေးဝန်ထမ်းများအပါဝင် နာတာရှည်ရောဂါဝေဒနာရှင်များကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်နီးကပ်သည့် လူအုပ်စုများကို ဦးစွာ ထိုးနှံပေးသွားရန် စဉ်းစားထားကြောင်း သိရသည်။(Xinhua)

#ကိုရီးယား,#COVID-19,#ကာကွယ်ဆေး,#ပြည်သူ #S.Korea, #COVID-19, #vaccines, #population, # COVAX, #ဆင်ဟွာ

…………………………………………

(English Version)

S.Korea to secure COVID-19 vaccines for 88 pct of population

SEOUL, Dec. 8 (Xinhua) — South Korea planned to secure COVID-19 vaccines from foreign drugmakers for 44 million people, or 88 percent of the country’s total population, the health ministry said Tuesday.

The Ministry of Health and Welfare said it preordered 20 million doses of vaccines each from Pfizer, Moderna and AstraZeneca, which require two shots, as well as 4 million doses of vaccines from Johnson & Johnson’s Janssen that require one shot for the country’s 34 million people.

The preorder contract was formally signed with AstraZeneca, while other contracts planned to be inked in the near future, the ministry said.

The remaining vaccines for 10 million people will be secured through the World Health Organization (WHO)’s global vaccine project, called COVAX Facility.

The government set aside a combined 1.3 trillion won (1.2 billion U.S. dollars) of the budget for the vaccine purchase.

The preordered vaccines will be shipped to the country from February next year in a gradual way, and if necessary, the country will secure additional vaccines according to the development of other vaccine candidates, according to the ministry.

The ministry said it has not decided on the vaccination schedule give that the vaccine development had yet to be completed while concerns remained over their safety and efficacy.

The government was considering the first inoculation of virus-vulnerable people, such as the elderly, nursing home residents and the chronically ill as well as healthcare workers. Enditem

Photo caption – People walk on the street around the Seomun Market in Daegu, South Korea, March 17, 2020. South Korea