Connect with us

Europe

ရုရှားတိုက်လေယာဉ်က ပင်လယ်နက်ပေါ် ဖြတ်ကျော်ပျံသန်းလာသည့် အမေရိကန် နှင့် ပြင်သစ်တို့၏ ကင်းထောက် လေယာဉ်များကို ကြားဖြတ် ဟန့်တား

ခရိုင်းမီးယား ကျွန်းဆွယ်အနီး ပင်လယ်နက် ရေပြင်တွင် ရုရှား စစ်သင်္ဘောများ နှင့် လေယာဉ်များ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရုရှားတိုက်လေယာဉ်များက ပင်လယ်နက်ပေါ် ဖြတ်ကျော်ပျံသန်းလာသည့် အမေရိကန်နှင့်ပြင်သစ် တို့၏ ကင်းထောက်လေယာဉ်များကို ဒီဇင်ဘာ ၇ ရက်က ကြားဖြတ် ဟန့်တားခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ (NDCC)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ရုရှားစစ်တပ်က ပင်လယ်နက်၏ကြားခံရေပိုင်နက်ကို စောင့်ကြည့်ရာတွင် ရုရှားနယ်စပ်လေပိုင်နက်သို့ ချဉ်းကပ်ရန် ကြိုးပမ်းနေသည့် ပစ်မှတ်ကို တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံ တောင်ပိုင်း စစ်ဌာနက Su-30 တိုက်လေယာဉ်ကို စေလွှတ်၍ ပစ်မှတ်ရှာဖွေဟန့်တားမှုများလုပ်ဆောင်ခဲ့ရာတွင် အမေရိကန်စစ်တပ်၏ RC-135 ကင်းထောက်လေယာဉ်၊ KC-135 ဝေဟင်ဆီဖြည့်လေယာဉ်နှင့် ပြင်သစ် စစ်တပ်၏ C-160G ကင်းထောက်လေယာဉ်တို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ရုရှားတိုက်လေယာဉ်က တစ်ဖက်လေယာဉ်များအား ရုရှားနယ်စပ်မှ ဝေးကွာသွားသည့်အထိ လိုက်လံ ဝန်းရံပျံသန်းမှုပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာ လေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တောက်လျှောက်လိုက်နာခဲ့ကြောင်း ထုတ်ပြန်ချက်သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ လေယာဉ်များသည် ရုရှားနယ်စပ်အနီးတွင် ကင်းထောက်လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ ရုရှားက ယင်းအပေါ် ခိုင်မာစွာ ကန့်ကွက်ထားကြောင်း သိရသည်။(Xinhua)

#Russian, #fighter jet, #intercepts, #U.S., #French, #Black Sea, #Xinhua, #ရုရှား, #တိုက်လေယာဉ်, #ကြားဖြတ်ဟန့်တား, #အမေရိကန်, #ပြင်သစ်, #ပင်လယ်နက်, #ဆင်ဟွာ

…………………………………………

(Chinese Version)

俄罗斯战机在黑海上空拦截美国和法国侦察机

  新华社莫斯科12月7日电(记者张骁)俄罗斯国家防御指挥中心7日发布消息说,俄战机当天在黑海上空拦截了美国和法国的侦察机。

  消息说,俄军当天在对黑海中立水域监控时发现了试图接近俄边界的空中目标。俄南部军区当即出动苏-30战斗机对目标进行识别和拦截,分别发现美军RC-135侦察机、KC-135空中加油机和法军C-160G侦察机。

  消息还说,俄罗斯战机在伴飞过程中始终遵守国际空域使用规则,直到对方远离俄罗斯边界。

  以美国为首的北约飞机经常抵近俄边界进行侦察活动,俄罗斯一直对此坚决反对。(完)

  图说(1)- 1月9日,在克里米亚半岛附近的黑海海域,俄罗斯舰船和飞机参加演习。(新华社/路透)