ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလနှောင်းပိုင်းတွင် မလေးရှားနိုင်ငံ ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆာနား၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် အောက်တိုဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်ခံရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိပြီး ၂၀ ဒဏ်ရာရရှိကြောင်း ဒေသခံဆေးရုံ တစ်ရုံရှိ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်ညပိုင်းက တရားမဝင်သစ် တန် ၅၀ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ကဘူးလ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်ရေးရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် တာလီဘန်ကိုယ်စားလှယ် များသည် ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။