အန်ကာရာ၊အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ ကာဒ့်တိုက်ခိုက်ရေးသမားများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုချက်အပေါ် တူရကီနိုင်ငံသမ္မတအာဒိုဂန်က အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ငြင်းပယ်လိုက်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ် နှင့် အာရပ်နိုင်ငံများ အသံလွှင့်ဌာန နှင့် တီဗီအစီအစဉ်များပူးပေါင်းရေးဆွေးနွေးပွဲ ကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားရေဒီယို နှင့် ရုပ်မြင်သံကြားဌာန မှ...
ဘာလင် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမဏီနိုင်ငံ၏ မြို့တော် ဘာလင်တွင် အောက်တိုဘာ ၁၄ ရက် က တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ကျင်းပခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် ကတူရကီနိုင်ငံက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအနေဖြင့် တူရကီ၏လက်ရှိနှင့်ယခင် အရာရှိကြီးများအပေါ်တွင် ပိတ် ဆို့မှုပြုသည့်အမိန့်တစ်ရပ်ကို မကြာမီထုတ်ပြန်သွားမည်ဟု အောက်တိုဘာလ ၁၄ ရက်ကပြောကြားခဲ့ ကြောင်းသိရပါသည်။