Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ကြောင်းဆို

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် နည်းပြချုပ်ပိုပေါ့ဗ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။

“အဓိကက နည်းပြချုပ်ပိုပေ့ါဗ်ရဲ့အသင်းက ပြီးခဲ့တဲ့နှစ်က  SEA Games ပြိုင်ပွဲမှာ တတိယဆုရတယ်။ နောက်တစ်ခုက သူ့ရဲ့လုပ်ဆောင်မှုနဲ့ ကစားသမားတွေအပေါ်မှာအာရုံစူးစိုက်မှုအပြည့်လုပ်ပေးတာတွေ
ဒါတွေကိုကြည့်ပြီး ကျွန်တော်တို့ သက်တမ်းတိုးဖို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ Technical Committee ကလည်း ဆက်တင်ပြသွားမှာပါ။ မူအားဖြင့်ကတော့ သက်တမ်းတိုးဖို့လုပ်ထားပြီးပါပြီ’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

နည်းပြချုပ်ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ်ဇန်နဝါရီလတွင် မြန်မာယူ-၂၂ အသင်း ကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရှိတွင် COVID-19 ကာလတွင် လက်ရွေးစင်ကစားသမားများ၏ နိုင်ငံတကာပြိုင်ပွဲများနှင့် ပတ်သက်၍ Video Conferencing အစည်းအဝေးတစ်ခု ခေါ်ရန်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင်ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်းဆိုသည်။

နည်းပြချုပ်ပိုပေါ့ဗ်လက်ထက်ထက်တွင် မြန်မာ ယူ-၂၂ အသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခုအားယှဉ် ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲသုံးခုအနက် မြန်မာယူ-၂၂အသင်းသည် ၂၀၁၉ခုနှစ် SEA Games တွင် အသင်းလိုက် ကစားပုံတိုးတက်ခဲ့ကာ ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.