Connect with us

WORLD

စပိန်နိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်ရန် ဒေသ ၄ ခု ထပ်မံပိတ်ပင်

စပိန်နိုင်ငံ မက်ဒရစ်မြို့၌ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ် Plaza Mayor သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်ကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ထိန်းချုပ်ရန်အတွက် ဒေသ ၄ ခု ထပ်မံပိတ်ပင်ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်သူများက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ကပ်ရောဂါဆိုးဆိုးရွားရွား ကူးစက်ပြန့်ပွားလျက်ရှိသည့် အခြေအနေကြောင့် Andalusia ၊ Castile-La-Mancha ၊ Castile နှင့် Leon နှင့် Murcia ဒေသများတွင် သွားလာမှုများကန့်သတ်လိုက်ခြင်းဖြစ်သည်။

နယ်စပ်များကို Andalusia ၊ Castile နှင့် Leon နှင့် Castile-La-Mancha ဒေသများတွင် နိုဝင်ဘာ ၉ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး Murcia ဒေသတွင် နယ်စပ်များကို ၁၄ ရက်ကြာပိတ်ထားမည် ဖြစ်သည်။

စပိန်နိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်တစ်ရက်တည်းတွင် ရောဂါ ကူးစက်ခံရသူအသစ် ၁၈,၄၁၈ ဦးရှိပြီး သေဆုံးသူ ၂၆၇ ဦး ရှိခဲ့သောကြောင့် ကပ်ရောဂါဒုတိယလှိုင်းအတွင်း COVID-19 ကြောင့် နေ့စဉ်လူသေဆုံးမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

စပိန်နိုင်ငံတွင် ကပ်ရောဂါစတင်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၁၁၆,၇၃၈ ဦးနှင့် သေဆုံးသူ စုစုပေါင်းမှာ ၃၅,၂၉၈ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua)