ဘန်ကောက် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုက စက်တင်ဘာ ၁၇ ရက် နှောင်းပိုင်းတွင် ထိုင်းဘတ် ၂.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆.၇ သန်း) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ (မတ်အက်ဖာတမင်း) နှင့် ဘိန်ဖြူများကို ထိုင်းနိုင်ငံ၏ အလယ်အထက်ပိုင်း ဆူခိုထိုင်းပြည်နယ်(Sukhothai)တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပြုံယမ်း ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသို့ယနေ့(စက်တင်ဘာ ၁၈ ရက် ) နံနက်ပိုင်းတွင် ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်အား မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် နှင့်အတူ ထိပ်တန်းခေါင်းဆောင်များက ပြုံယမ်းလေဆိပ်တွင် အခမ်းအနားဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အီဂျစ်၊စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Nada Attia ဆိုသည့် အီဂျစ်နိုင်ငံသူတစ်ဦးမှာ မြေပြင်မှ အမြင့်ပေ ၁ဝဝဝဝ တွင် ဘဲလေးအက ကို ကပြခဲ့သူဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သည့် နာဒါမှာ ဘဲလေးအက ကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအစဉ်အလာများကြောင့် သူမသည် မြေပြင်တွင် ဘဲလေးအက ကို...
ဟေပေ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာတံတိုင်းကြီး၏ နေထွက်ချိန်အလှကို ဓါတ်ပုံဆရာတစ်ဦးက ဟေပေပြည်နယ် တွင် အမိအရ မှတ်တမ်းတင်နိုင်ခဲ့သည်။ တိမ်စိုင်တိမ်တိုက်များ အကြားတွင် မဟာတံတိုင်းကြီး၏ ရှုမျှော်ခင်းမှာ လွမ်းမောဖွယ် ကောင်းလှသည်။ မင် မင်းဆက်ကတည်းက တည်ဆောက်ခဲ့သည့် မဟာတံတိုင်းကြီးမှာ ယနေ့ထက်တိုင် ပြည်တွင်းပြည်ပဧည့်သည်တော်များကို ဆွဲဆောင်ထားနိုင်လျက်ရှိသည်။...
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၁၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။