Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း (၄၄,၇၇၄)ဦးရှိလာ

နှာခေါင်းစည်းဖြင့် စက်ဘီးစီးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၉၈၆) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၄၄,၇၇၄) ဦးရှိလာကြောင်းနှင့် လူနာ(၂၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၀၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၅ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၁၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၄,၉၂၀)ဦး ရှိလာခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၁,၆၉၂) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၆၀၅,၈၄၃) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၉)ဦးအနက် ရောဂါအခံရှိသူ (၂၄)ဦးပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၁,၄၃၇) ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၄၂၃)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၁,၀၇၁) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ (၈၇)ဦး၊ ရခိုင်ပြည်နယ်မှ (၁၇) ဦး၊ ပဲခူးတိုင်းသေကြီးမှ (၁၃၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၇၁)ဦး၊ မွန်ပြည်နယ်(၅)ဦး၊ မကွေးတိုင်းဒေကြီးမှ (၃)ဦး၊ နေပြည်တော်မှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈)ဦး၊ တနင်္သာရီတိုင်းဒေသကြီး(၂)ဦး၊ ကရင်ပြည်နယ်မှ (၁၄)ဦး၊ ချင်းပြည်နယ်မှ (၁)ဦးနှင့် ကချင်ပြည်နယ်မှ (၃)ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၄၂၃)ဦးတွင် အနံ့မရရှိသူ (၃၃၈) ဦးပါရှိကြောင်း သိရသည်။(Xinhua)