ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၁၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၁၆ ရက်ည က ပြုလုပ်သော ဂီတဖျော်ဖြေပွဲတစ်ခု ၌ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် လူ ၇ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လူတန်မြို့ ရှိ လမ်းမတစ်ခု တွင် ရန်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ဓားဒဏ်ရာများရရှိခဲ့သည့် လူအများအပြားအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Benguet ပြည်နယ် တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုများကြောင့် မိုင်းတူးလုပ်ငန်းလုပ်ကိုင်ရာ Itogon မြို့ တွင် အနည်ဆုံး မိုင်းတွင်းအလုပ်သမား ၃၃ဦးသေဆုံးပြီး ၂၉ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၆ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ မြောက်ကာရိုလိုင်းနား နှင့်တောင်ကာရိုလိုင်းနား ပြည်နယ်များ တွင် Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၆ ရက် အထိ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။