Connect with us

Asia

ဆမ်ဆောင်း(Samsung) ဥက္ကဌ လီကွမ်ဟီး အသက် ၇၈ အရွယ်တွင် ကွယ်လွန်

ဆမ်ဆောင်း(Samsung) နည်းပညာကုမ္ပဏီဥက္ကဌ လီကွမ်ဟီး အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး အီလက်ထရောနစ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ဆမ်ဆောင်း(Samsung) ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ လီကွမ်ဟီး(Lee Kun-hee) သည် ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် အသက် ၇၈ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဆမ်ဆောင်းကုမ္ပဏီအား ပြည်တွင်း လုပ်ငန်းစုတစ်ခုအဖြစ်မှ ကမ္ဘာ့တီထွင်ဆန်းသစ်မှု နှင့် စက်မှုလုပ်ငန်းထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်လာစေရန် လီက ဦးဆောင်ဦးရွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ မိသားစုဝင်တွေ ၊ ဆွေးမျိုးမိဿဟာတွေ ၊ ရင်းနှီးကျွမ်းဝင်သူတွေ နဲ့အတူ ထပ်တူ ထပ်မျှ ကြေကွဲခံစားရပါတယ် ၊ သူချန်ရစ်ခဲ့တဲ့ အမွေအနှစ်ကတော့ အမြဲထာဝရရှင်သန်နေမှာပါ” ဟု ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။Samsung အုပ်စု တည်ထောင်သူ Lee Byung-chul ၏ သားဖြစ်သူ လီကွမ်ဟီးကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ Gyeongsang ပြည်နယ် Uiryeong မြို့ငယ်လေးတွင် မွေးဖွားခဲ့သည်။ လီသည် ၂၀၁၄ ခုနှစ်တွင် နှလုံးရောဂါခံစားရပြီး ထိုစဉ်မှစတင်ကာ ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.