ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၄ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျာကာတာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၁၇ ရက်က သမ္မတရွေးကောက်ပွဲကျင်းပရာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် သန်း ၁၉၀ က တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၈ သိန်းကျော်သို့ သွားရောက် သမ္မတနှင့်ဒုတိယသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြကြောင်း သိရသည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် ရှိ နယ်မြေအစိတ်အပိုင်းတစ်ချို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း တာလီဘန်စစ်သွေးကြွများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၂၁ဦးသေဆုံးပြီး ရွာ ၂၁ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Aref...
ဖနွမ်းပင်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ခမာနှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွားအချက်အခြာနေရာများကို လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားစုစုပေါင်းမှာ ယခုနှစ်၌ ၄ ဒသမ ၇၂ သန်းအ ထိရှိကာ ယခင်နှစ်ကထက် ၆၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန် ကြီး ဌာနက ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ပြောကြားခဲ့သည်။