ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) လေ့လာမှုများအရဗိုင်းရပ်စ်သန္ဓေမည်သို့ပင်ပြောင်းလဲစေကာမူ COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုအပေါ်ထိခိုက်မှုရှိမည်မဟုတ်ကြောင်းတရုတ်နိုင်ငံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်း မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) ကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏...
ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhuaသည် အောက်တိုဘာ၂၀ တွင် အမေရိကန်နိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ဗီဒီယိုလင့်ခ်တစ်ဆင့်တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုကောင်းမွန်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုသည်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့်ပြည်သူများ၏အခြေခံအကျိုးစီးပွားများနှင့်ကိုက်ညီကြောင်းပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၀၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၃၁ ဦး ထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည်တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းသည် ယခုနှစ်ကုန်ပိုင်းအထိအရေအတွက် သန်း၆၁၀ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။