ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အရည်အသွေးကောင်းဈေးကွက်ဝင် ဒေသမျိုးရင်းငှက်ပျောမျိုးများရရှိစေရန် မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျှူးမွေးမြူရေးတို့ ပူးတွဲအသုံးပြု၍ သီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရေးအား ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝနည်းပညာသုတေသနဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အောက်တိုဘာ ၁၆ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ယောင်းဒီ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့်် ၇ လနီးပါးဆိုင်းငံ့ထားခဲ့ရသည့် တက္ကသိုလ်များနှင့် အခြား အဆင့်မြင့်ပညာရေး တက္ကသိုလ်များတွင် အောက်တိုဘာ ၁၅ ရက်မှစ၍ ကျောင်းသားများကို ပြန်လည်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၉၂၈ ဒဿမ ၀၇ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၀ ဒဿမ ၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊...
ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သော တွန်းအားတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ချိတ်ဆက်နေသော နိုင်ငံများနှင့် ကုန်ပစ္စည်းတင်ပို့သူများအား ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များမှတစ်ဆင့် အကျိုးကျေးဇူးရရှိနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva...
ဖနွမ်းပင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီယားနိုင်ငံရှိ မြို့ကြီးနှင့် ပြည်နယ် ၂၅ ခုအနက် ၁၉ ခုတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၃ ဦး သေဆုံး၍ ၁၂, ၃၇၆ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။