ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစ၍ နှစ် ၇၀ အတွင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပြသရန် ပေကျင်းမြို့၌ ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) နေပြည်တော် Park Royal Hotel တွင် အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၉)ကြိမ် မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသည် ရာနှုန်းပြည့် အောင် မြင်ခဲ့သည်ဟု ထားဝယ်...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ခွင့်ပြုချက်မရှိသည့် စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ရှီအန်း၊အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ထုတ်လုပ်သည့် Xinzhou-700 လေယာဉ်ကြီး၏ တောင်ပံတပ်ဆင်ခြင်း လုပ်ငန်းစဉ်ကို ဆင်ဟွာသတင်းဌာနမှ မှတ်တမ်းတင်ရိုက်ကူးထားသော video ဖိုင်အား ကြည့်ရှုနိုင်ပါသည်။လေယာဉ်တည်ဆောက်မှုတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော တောင်ပံများနှင့် ကိုယ်ထည်ကို တွဲစပ်ရသည့် လုပ်ငန်းစဉ်တစ်ခုကို ရိုက်ကူးထားခြင်းဖြစ်သည်။ Xinzhou-700 ကို စီးပွားဖြစ်လေယာဉ်ထုတ်လုပ်သည့် AVIC XAC လေယာဉ်ထုတ်လုပ်မှုကုမ္ပဏီမှ...