Connect with us

Politics, Law & Military

မြန်မာနိုင်ငံသည် ဦးအောင်ကြည်၏ ကြိုးပမ်းမှုကြောင့် အာရှတွင် အဂတိ တိုက်ဖျက်ရေး နံပါတ်(၁) အဆင့် ရောက်ရှိဟုဆို

သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ဖြေကြားနေသည့် ဦးဇော်ဌေးအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ၂ ရက်(ဆင်ဟွာ)

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွက် Global Corruption Barometer အရ အာရှနိုင်ငံများထဲ၌ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ထိပ်ဆုံး နံပတ်(၁) နေရာ အထိ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ နေ့လယ်ပိုင်း၌ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သိသာ မြင်သာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ဥက္ကဌ ဦးအောင်ကြည် နုတ်ထွက် အနားယူသွားတဲ့အခါ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ဘာတွေ ထိခိုက်နိုင်မလဲ မေးကြည့်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမျိုးသား အဆင့် မဟာဗျူဟာနဲ့ပတ်သက်ပြီး အခြေခံ ဆွေးနွေးရမယ့် Zero Draft ကို ရေးသားပြုစုခဲ့ပြီး ဖြစ်တဲ့ အတွက် ကျန်ရှိတဲ့ လုပ်ငန်းကော်မတီတွေက ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားဖို့ပဲ ရှိတဲ့ အတွက် ကော်မရှင်ရဲ့ လုပ်ငန်းတွေပေါ်မှာလည်း ထိခိုက်မှု မရှိဘူး လို့ သိရှိရပါတယ်” ဟူ၍ ဦးဇော်ဌေးက အိမ်တော်သတင်းထောက်များ စာမျက်နှာတွင် ဖြေကြားခဲ့သည်။

ဥက္ကဌ ဦးအောင်ကြည် တာဝန်မှ နုတ်ထွက် အနားယူခြင်းနှင့်ပတ်သက်၍ “ဒီလို အနေအထားတစ်ရပ်ကို ရောက်ရှိလာအောင် ဆောင်ရွက်ခဲ့တဲ့အတွက်လည်း အစိုးရအနေနဲ့ အသိအမှတ်ပြု၊ ချီးကျူးဂုဏ်ပြုရ သလို နိုင်ငံအတွက်လည်း ကျေးဇူ အထူးတင်ရှိပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ရရှိထား တဲ့ ဒီလို ကောင်းမွန်တဲ့အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်နိုင်ဖို့အတွက် ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟုလည်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ သည်။

ဦးအောင်ကြည်၏ နုတ်ထွက်မှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်၌ အမျိုးမျိုး ပြောဆို ဝေဖန်နေခြင်းများ ရှိကြောင်း၊ ယခု နုတ်ထွက်မှုသည် ကော်မရှင်ဥက္ကဌ၏ ပုဂ္ဂိုလ်ရေးဆန္ဒနှင့် လောကုတ္တရာ ကူးပြောင်း ရေးကိစ္စ သက်သက်သာ ဖြစ်ပြီး အစိုးရနှင့် ကော်မရှင် ဥက္ကဌအကြား၊ အစိုးရနှင့် ကော်မရှင်အကြား မည်သည့် ပြဿနာမျှ မရှိကြောင်း၊ ထို့အပြင် အခြားသော နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေး ပြဿနာ များလည်း မရှိကြောင်း ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.