Connect with us

Politics, Law & Military

ဩစတြေးလျက “ဓါတ်ပုံအတု”ဟု အကျယ်တဝင့်ပြောဆိုခြင်းသည် တရုတ်နိုင်ငံ၏ ဖြစ်ရပ်မှန် ထုတ်ဖော်ပြောဆိုခွင့်ကို ငြင်းပယ်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်အား ဒီဇင်ဘာ ၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ တွစ်တာလူမှုကွန်ရက်တွင် စာနှင့်တွဲတင်ထားသည့် ဩစတြေးလျစစ်သား ဓာတ်ပုံကို “ဓာတ်ပုံအတု”ဟူ၍ အပြစ်တင်ပြောဆိုနေခြင်းသည် ဩစတြေးလျအနေဖြင့် ကိုယ့်အပြစ်ကို သူများအပေါ်ပုံချရန် အဓိပ္ပါယ်မဲ့ကြိုးပမ်းခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်အမှန်မှာ အဆိုပါ ပန်းချီဓါတ်ပုံကို အာရုံလွှဲရန် ၊ မဆီလျော်မှုကို ရှောင်ရှားရန် ၊ ဖိအားကိုခေါင်းလွှဲ၍ တရုတ်နိုင်ငံ၏ ဖြစ်ရပ်မှန် ပြောဆိုခွင့်ကို ငြင်းပယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဩစတြေးလျက လုပ်ကြံဖန်တီးထားတဲ့ ဓါတ်ပုံအတုကို သုံးတယ်ဆိုပြီး အပြစ်တင်ပြောဆိုတယ်။ သတင်းတုသတင်းအမှားတွေကို ဖြန့်ဝေတယ်လို့တောင် ပြောတယ်။ ဒီလိုပြစ်တင်ပြောကြားမှုကိုက လုပ်ကြံဖန်တီးပြောဆိုတာပါပဲ။ အွန်လိုင်းမှာ ပြန့်နေတာက ဓါတ်ပုံမဟုတ်ပါဘူး၊ တရုတ်လူငယ်တစ်ယောက်ရဲ့ ကွန်ပြူတာနဲ့ရေးဆွဲထားတဲ့ သရုပ်မှန်ကို ပုံဖော်ထားတဲ့ ပန်းချီ၊ သရုပ်မှန်ပန်းချီကားသာဖြစ်တယ်။”ဟု ဟွာချွမ်းရင်က ဆိုသည်။

ယင်းပန်းချီကားသည် ဩစတြေးလျ စစ်ဘက်ဆိုင်ရာက အတည်ပြုထားပြီးဖြစ်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အခြေခံထားခြင်းဖြစ်ကြောင်းနှင့် ပန်းချီကား ဟုဆိုသော်လည်း ဖြစ်ရပ်မှန်ကို ထင်ဟပ်သည့် သရုပ်မှန်ဖြစ်ရပ်မှန်ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောကြားခဲ့သည်။

ဩစတြေးလျက ကိုယ့်အပြစ်ကို သူများအပေါ် ဖို့သည့် အဓိပ္ပါယ်မဲ့ လုပ်ဆောင်ချက်၏ ရည်ရွယ်ချက်အမှန်သည် ပန်းချီကားအား အကြောင်းပြ အာရုံလွှဲခြင်း၊ မဆီလျော်မှုများကို ရှောင်ပြီး ဖိအားများကို ပြောင်းလဲခြင်း ဖြစ်ရာ ဩစတြေးလျ စစ်သားအချို့၏ အာဖဂန် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ဝေဖန်ပြောကြားမှုကို တရုတ်နိုင်ငံအပေါ် တင်းမာမှုအနေဖြင့် အာရုံလွှဲပြောင်းရန် ကြိုးစာခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့လူများက “ငါလုပ်ရင် ရတယ်၊ မင်းဆိုရင် မရဘူး”ဆိုသည့် စိတ်ထားဖြင့် တရုတ်နိုင်ငံကို ဆက်ဆံခြင်း ဖြစ်ကြောင်း ဟွာချွမ်းရင်က ဆိုသည်။
ဥပမာ- သိပ္ပံနည်းပညာတွင် “ငါ 5G ပိုင်ဆိုင်မယ်ဆိုရင် ရတယ်၊ မင်းဆိုရင် မရဘူး”ဆိုသည်မျိုး၊ စီးပွားရေးတွင် “ငါမင်းကို ကျော်တက်ရင် ရတယ်၊ မင်းဆိုရင် မရဘူး”ဆိုသည်မျိုး၊ ဝေဖန်ပြောကြားမှုတွင် “ငါက မင်းကို အများရှေ့မှာ ဝေဖန်ထိုးနှက်ရင် ရတယ်။‘တိဗက် ခွဲထွက်’ဖို့၊ ‘ထိုင်ဝမ်”ခွဲထွက်’ဖို့၊ ‘ရှင်းကျန်း’ခွဲထွက်ဖို့၊’ဟောင်ကောင် အတိုက်အခံပါတီနဲ့ အကြမ်းဖက်ဥပဒေချိုးဖောက်သူတွေ ဖျက်ဆီးလုယက်’ဖို့ အများရှေ့မှာ ငါက ပေါ်ပေါ်ထင်ထင် အားပေးထောက်ခံရင်ရတယ်။ဒါပေမဲ့ မင်းဆိုရင်မရဘူး။”ဆိုသည့် “ငါလုပ်ရင်ရတယ်၊ မင်းဆိုရင် မရဘူး”ဟူသော စိတ်ထားမျိုးသည် အချို့လူ၏ အံ့ဖွယ်ကောင်း၍ နားမလည်နိုင်အောင်ဖြစ်စရာ မာန်မာနနှင့်ဟန်ဆောင်မှုသာ ဖြစ်ကြောင်း၊ ရည်ရွယ်ချက်အမှန်မှာ တရုတ်နိုင်ငံက ဖြစ်ရပ်မှန်အပေါ် ထုတ်ဖော်ပြောကြားခွင့်ကို ပယ်ချခြင်းသာဖြစ်ကြောင်း၊ အများက “ကြည့်စမ်း၊ ဘုရင့်ကိုယ်ပေါ်မှာကျတော့ အင်္ကျီမဝတ်ထားဘူး”ဟု အသံကျယ်ကျယ်အော်ပြောမည်ကို စိုးရိမ်၍သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အချက်အလက်အတုအယောင်”ဟု ဆိုရာတွင် သက်ဆိုင်သူများအနေဖြင့် စိတ်အေးအေး မှန်မှန်ကန်ကန်စဉ်းစားသင့်သလို စိတ်အေးအေးမှန်မှန်ကန်ကန်ဖြင့် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ရှုမြင်ကာ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ပြသာနာ ကိုတည့်မတ်စွာ ရှုမြင်၍ သင့်လျော်စွာ ဖြေရှင်းရန်၊ မျှတမှုနှင့်အပြန်အလှန်လေးစားမှုစိတ်ဓါတ်ဖြင့်အတူ နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်စေရန် အလို့ငှာ အတူကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ရာ ထိုမှသာ အများပြည်သူ၏ မျှော်လင့်ရာနှင့်ကိုက်ညီမည်ဖြစ်သလို သက်ဆိုင်ရာနိုင်ငံများ၏ အခြေခံရေရှည်အကျိုးစီးပွားနှင့်လည်းလျော်ညီမည်ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောကြားခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.