Connect with us

Environment, Disasters & Accidents

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ငလျင် ၂၀၄ ကြိမ် လှုပ်ရှားခဲ့ဟု ဆို

ငလျင်တိုင်းတာမှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရန်ကုန်၊ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ငလျင် ၂၀၄ ကြိမ် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင်ပြောကြားသည်။
“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လှုပ်ခဲ့တာဆိုရင် အင်အားအသင့်အတင့်အနေနဲ့က ၇ကြိမ်ရှိတယ်။ အင်အားပြင်းအနေနဲ့ ၁ကြိမ်ရှိတယ်။ ၁၉၆ ကြိမ်က အင်အားအနည်းငယ်လှုပ်ရှားခဲ့တဲ့ငလျင်တွေဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ယင်းဘဏ္ဍာနှစ်အတွင်းလှုပ်ရှားခဲ့သည့် ငလျင်များအနက် ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၆ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင်လှုပ်ရှားခဲ့သောငလျင်သည် ပြင်းအား ရစ်(ခ်)တာစကေး ၆ ဒသမ ၁ ရှိခဲ့ရာ ငလျင် ကြောင့် ပျက်စီးဆုံးရှုံးမှု အချို့ရှိခဲ့ကြောင်းသိရသည်။

“အခု ၂၀၁၆ ခုနှစ်နောက်ပိုင်းက စပြီးငလျင်လှုပ်တဲ့အကြိမ်ရေများလာခဲ့တယ်။ ငလျင်က ဘယ်အချိန်ဘယ်ကာလမှာလှုပ်မယ်။ တစ်နှစ်ထက်တစ်နှစ်များမလား၊ နည်းမလားဆိုတာ တိတိကျကျခန့်မှန်းတွက်ချက်လို့မရဘူး။ကမ္ဘာမှာလည်း ငလျင်လှုပ်ရှားမှုအကြိမ်ရေတွေ ပိုပြီးများလာတာတော့တွေ့ရတယ်။ ငလျင်မကြာခဏလှုပ်ရှားတဲ့ပြည်သူတွေကတော့ သတိပြုနေထိုင်သင့်ပါတယ်’’ ဟုဒေါက်တာယဉ်မျိုးမင်းထွေးက ဆက်ပြောသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် အင်အားအနည်းငယ်ရှိ ငလျင် ၁၄ကြိမ်၊ အင်အားအသင့်တင့်ရှိ ငလျင်၁ကြိမ် စုစုပေါင်း ၁၅ကြိမ်လှုပ်ရှားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117