Connect with us

Environment, Disasters & Accidents

ဒီဇင်ဘာ ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာ အဆင့် ရောက်ရှိနိုင်ဟု ဆို

မိုးလေဝသခန့်မှန်းချက်ပြ ကောင်းကင်ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လာနီညာရာသီဥတုဖြစ်စဉ်သည် ဆောင်းရာသီကာလအတွင်း ဒီဇင်ဘာ ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ လများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာ အဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားသည်။

“လာနီညာဖြစ်စဉ်အရ အခုကတော့ အားအသင့်အတင့်ရှိတဲ့လာနီညာပေါ့။ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်က ပုံမှန်ထက် အေးတဲ့အပေါ်မှာမူတည်ပြီးတော့ အားကောင်းနိုင်တယ်။ အခုဒီဇင်ဘာလထဲမှာဆိုရင် ပိုပြီးအားကောင်းလာမယ့်အခြေအနေရှိတယ်။ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့ က လာနီညာသက်ရောက်မှုပိုရှိတယ်။ မြန်မာနိုင်ငံကတော့ သက်ရောက်မှုအနည်းငယ်တော့ရှိမယ်။’’ ဟု ၎င်းကဆိုသည်။

လာနီညာကြောင့် ပုံမှန်ဖြစ်မြဲ အခြေအနေထက် ပိုပြီး အေးနိုင်ကြောင်း ၎င်းကပြောကြားသည်။ ထို့ပြင် လာနီညာသည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် ယေဘုယျအားဖြင့် ဆောင်းရာသီ ကာလအတွင်း အရှေ့မြောက်မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117