ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၃ AFC အာရှဖလားအတွက် အသုံးပြုရန် ဘောလုံးကွင်း ၆ ကွင်းကို တည်ဆောက်နေပြီဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ပြင်ဆင်ရေးရုံးက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ဂျီနီဗာ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်လုပ်ငန်းများ လုပ်ဆောင်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ ယင်းအကဲဖြတ်အဖွဲ့၏ ပဏာမအစီရင်ခံစာကို နိုဝင်ဘာတွင် ထုတ်ပြန်သွားမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့သည်။
ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက APSTAR-6D ဟု အမည်ပေးထားသည့် စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုတစ်စင်းအား နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၉ ရက်တွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ၎င်းစင်တာမှ သိရသည်။ APSTAR-6D ဆက်သွယ်ရေး ဂြိုဟ်တုအား...
ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သက်တမ်းရင့် ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-soon) ၏ ဈာပနအခမ်းအနားကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြို့တော်အစိုးရက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
စင်ကာပူ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဆန္ဒမဲရုံများ ဖွင့်လှစ် လိုက်ကြောင်း သိရသည်။