ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးရှိနေသော သီးပင်၊ စားပင်ဒေသမျိုးရင်းမျိုးစိတ်များစွာရှိကြောင်း၊ ထို့ကြောင့် မိမိဒေသရှိ ရှားပါးမျိုးစေ့(သို့မဟုတ်) အပင်ကိုင်းများအား မျိုးစေ့ဘဏ်သို့ လှူဒါန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမင်းစံသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါအခြေအနေကြောင့် လက်ရှိအချိန်တွင် ပုဂံဒေသရှိဘုရားများအား ဖူးမျှော်ခွင့်ပိတ်ထားသော် လည်း ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့၍ ဘုရားများပြန်လည်ဖူးမျှော်ခွင့်ပေးပါက အဆင်သင့်ဖြစ်စေရန် စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က...
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးမိုး G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ COVID-19 ကပ်ရောဂါ ၊ ရာသီဥတုပြောင်းလဲမှု နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြွေးမြီထူထပ်မှု စသည့် ခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှု တို့ကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားကြရန်...
မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကို ဦးဆောင်သွားသင့်ပြီး ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိစေရန် ကူညီဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။