Connect with us

Europe

APEC အဖွဲ့ဝင်နိုင်ငံများအကြား ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုအဓိပ္ပါယ်ရှိလာကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်ပြော

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ် (ဓာတ်ပုံ- Sputnik via Xinhua)

မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးမှု၌ APEC အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်များစွာ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပသော ၂၇ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၌ ပူတင်က ပြောကြားခဲ့သည်။

“ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ကာကွယ်ဖို့နဲ့ IT မှုခင်းတွေကို တားဆီးဖို့ APEC ကြိုးပမ်းအားထုတ်မှုများအား ညှိနှိုင်းဆောင်ရွက်ရေးမှာ စဉ်းစားသင့် စဉ်းစားထိုက်သည့်အရာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု သမ္မတ ပူတင်က ဆိုသည်။

“ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ဆိုက်ဘာမှုခင်းတွေကြောင့် ဒေါ်လာ ၆ ထရီလီယံ ဆုံးရှုံးနိုင်မယ်လို့ ဆိုထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

APEC သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ကြီးမားသော အပြန်အလှန်အမှီသဟဲပြုမှုကို တွန်းအားဖြစ်စေရန် ၁၉၈၉ ခုနှစ်က တည်ထောင်ထားသော ဒေသတွင်း စီးပွားရေးဖိုရမ်တစ်ခု ဖြစ်သည်။ APEC အဖွဲ့ဝင် ၂၁ နိုင်ငံအနေဖြင့် မျှတသော၊ အားလုံးပါဝင်မှုရှိသော၊ ရေရှည်တည်တံ့သော၊ ဆန်းသစ်တီထွင်မှုရှိ၍ လုံခြုံစိတ်ချရသော တိုးတက်မှုကို မြှင့်တင်ခြင်းနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အရှိန်မြှင့်တင်ခြင်းဖြင့် ဒေသတွင်းပြည်သူများ၏ ချမ်းသာသုခ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.