Connect with us

International Organizations

G20 ခေါင်းဆောင်များအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ အခက်အခဲကို အတူတကွ ရင်ဆိုင်ဖြေရှင်းရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အား ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးမိုး

G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ COVID-19 ကပ်ရောဂါ ၊ ရာသီဥတုပြောင်းလဲမှု နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြွေးမြီထူထပ်မှု စသည့် ခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှု တို့ကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုဝင်ဘာ ၂၀ ရက်၌ ပြောကြား ခဲ့သည်။

ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ မိမိ အနေဖြင့် ဗီဒီယို ကွန်ဖရန့်ပုံစံမျိုးဖြင့် နိုဝင်ဘာ ၂၁ ရက် မှ ၂၂ ရက် အထိ ကျင်းပ ပြုလုပ်သည့် G20 ထိပ်သီးအစည်းအဝေး ကို တက်ရောက်မည်ဖြစ်ပြီး အစည်းအဝေး တက်ရောက်ကြသည့် ခေါင်းဆောင်များအား မိမိတို့အနေဖြင့် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို လိုအပ်သည်ဟူသော အချက်အား တိကျစွာ ပြောကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် COVID-19 ကပ်ရောဂါ နှင့်ပတ်သက်၍ အဓိကရင်ဆိုင်နေရသည့် ပြဿနာ များအား မေးမြန်းခဲ့ရာတွင် ဂူတာရက်စ် က G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သည့် COVID-19 ရောဂါ ရှာဖွေကုသမှု နှင့် ကာကွယ်ဆေးများ အမြန်ဆုံးရရှိရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (ACT – Accelerator ) ကို ထောက်ခံကြရန် တိုက်တွန်းကြောင်း ၊ လက်ရှိချိန်တွင် ငွေကြေးလိုအပ်ချက်ဖြစ်နေသည့် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ကို အမြန်ဆုံး ဖြည့်စွက်သွားပြီး ယင်းငွေကြေးတစ်ရပ် က တစ်ကမ္ဘာလုံးအတိုင်းအတာ COVID-19 ရောဂါ ကာကွယ်ဆေးကြီးမားစွာ ထုတ်လုပ်မှု ၊ ဝယ်ယူမှု နှင့် ဖြန့်ဝေမှု တို့အတွက် လွန်စွာ အရေးပါကြောင်း ၊ G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၏ အသုံးပြုနိုင်သော ဘဏ္ဍာရေး အရင်းအမြစ်ကို တိုးမြှင့်သွားပြီး အင်အားနည်းသည့် နိုင်ငံများ အခက်အခဲအား ကျော်လွှားနိုင်ရန် ကူညီသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရာသီဥတုပြောင်းလဲမှု နှင့်ပတ်သက်၍ ဂူတာရက်စ် က ၂၀၅၀ ပြည့်နှစ် တွင် Zero emission ဖော်ဆောင်မည့် ကမ္ဘာ့အဖွဲ့ချုပ်တစ်ခု က စတင် ဖြစ်တည်နေပြီး G20 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုအပေါ်ဈေးနှုန်းသတ်မှတ်ခြင်း ၊ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအပေါ် ကူညီထောက်ပံ့မှု ရပ်တန့်ခြင်း နှင့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကို ရပ်တန့်ခြင်း တို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117