Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှတသော ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စေရေးအတွက် အာရှ-ပစိဖိတ် ကူညီရန်တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား နိုဝင်ဘာ ၂၀ ရက်က ၂၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကို ဦးဆောင်သွားသင့်ပြီး ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိစေရန် ကူညီဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လွတ်လပ်၍ ပွင့်လင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဟူသည် ညတွင်းချင်းရရှိနိုင်မည်မဟုတ်ကြောင်း ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပသော ၂၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ ပေကျင်းမြို့မှ တက်ရောက်စဉ် ရှီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအချက်သည် အရေးကြီးကြောင်း၊ အာရှ-ပစိဖိတ်အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု စောင့်ထိန်းခြင်းနှင့် ပွင့်လင်းသော ကမ္ဘာ့စီးပွားကို အားပေးမြှင့်တင်ခြင်းများ၌ လမ်းပြထိန်းကျောင်းသူအဖြစ် ဆက်လက်တည်ရှိနေသင့်ကြောင်း၊ “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုလျက် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ပံ့ပိုးပေးဖို့၊ လွတ်လပ်၍ ပွင့်လင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိသော ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေး ဆောင်ရွက်ဖို့ သံန္နိဋ္ဌာန်ချထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု သမ္မတ ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)