ဗယ်လက်တာ ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ချက်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူရမည် ဟူသော ဆောင်ရွက်ချက်ကို လက်ခံမည်မဟုတ်ဟု မော်လ်တာသမ္မတနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babiš က သြဂုတ် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။
ဒပ်ဘလင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သီပေါမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
အေသင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ် (Alexis Tsipras) က အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dimitris Tzanakopoulos က ဂရိ အမျိုးသားအသံလွှင့်ဌာန ERT ရုပ်သံထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၈ ရက်က ကြေညာခဲ့သည်။
မနီလာ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Sultan Kudarat ပြည်နယ် တွင် သြဂုတ် ၂၈ ရက် ညပိုင်းက အိမ်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး အခြားလူ ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။