Connect with us

Social, Education & Health

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ခရိုင်များအားလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လျန်ဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Butuo ခရိုင်၊ Abuluoha ကျေးရွာရှိ အသစ်တည်ဆောက်ထားသော ကျေးရွာလမ်းများနှင့် ပြန်လည်နေရာချထားနေရာတစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်သည် တောင်ထူထပ်သောဒေဖြစ်၍ ကာလရှည်ကြာစွာ ဆင်းရဲနွမ်းပါးမှုဒဏ်ခံစားခဲ့ရသော ပြည်နယ်တစ်ခုဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်တွင်မူ ယင်းပြည်နယ်ရှိ ခရိုင်များအားလုံး ဆင်းရဲနွမ်းပါးမှုဟူသော အမှတ်တံဆိပ်ကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးမှုတွင် ပါဝင်သော နောက်ဆုံးစီရင်စုအုပ်စုဖြစ်သော လျန်ဆန်းယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ ခရိုင် ၇ ခုကို နိုင်ငံအဆင့် ဆင်းရဲနွမ်းပါးမှုစာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း စီချွမ်းပြည်နယ်အစိုးရက ပြောကြားခဲ့သည်။
လျန်ဆန်းဒေသသည် တရုတ်နိုင်ငံရှိ အကြီးမားဆုံး ယီ လူမျိုးစုတို့ နေထိုင်ရာဒေသဖြစ်သည်။ ယင်းဒေသရှိ လူဦးရေ ၅.၃ သန်းအနက် ၂.၈ သန်းခန့်မှာ ယီ လူမျိုးစုဝင် လူနည်းစုများ ဖြစ်ကြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လျန်ဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Zhaojue ခရိုင်ရှိ ဖူကျောက် ခေတ်မီလယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်မှုဥယျာဉ်အနီးရှိ Haogu ကျေးရွာမှ ရွာသားများကို တွေ့ရစဉ် (ဆင်ဟွာ)

၎င်းစီရင်စုသည် ကြမ်းတမ်းသော မြေပြင်အနေအထားနှင့် ဆိုးဝါးသော သဘာဝပတ်ဝန်းကျင် အခြေအနေများကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ကြာရှည်စွာ ရုန်းကန်ခဲ့ရသည်။ ၂၀၁၃ ခုနှစ်က လျန်ဆန်းစီရင်စုတွင် လူဦးရေ ၈၈၁,၀၀၀ ဦးမှာ ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ခဲ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လျန်ဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Zhaojue ခရိုင်၊ Suosuolada ကျေးရွာရှိ မူကြိုကျောင်း၊ ဘက်စကတ်ဘောကစားကွင်းနှင့် စက်မှုဥယျာဉ်တို့ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြီးခဲ့သည့်ငါးနှစ်အတွင်း ယင်းစီရင်စု၌ ကီလိုမီတာ ၁၀,၀၀၀ ကျော်ရှိသော ကျေးလက်လမ်းမများ တည်ဆောက်ခြင်း၊ ဒေသခံ ၃၅၀,၀၀၀ ကို နေရာသစ်၌ အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ထားသော အိမ်ရာများတွင် ပြောင်းရွှေ့ပေးခြင်းနှင့် ကျေးရွာ ၂၁၅ ခုကို ၎င်းတို့၏ စုပေါင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်း စသည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလှုံ့ဆော်မှုကြီး ဆောင်ရွက်ခဲ့သည်။ တာဝန်ရှိသူ ၁၁,၀၀၀ ကျော်ကိုလည်း ဒေသတွင်း ဆင်းရဲနွမ်းပါးမှုတိုက်ပွဲကို ကူညီတိုက်ဖျက်ရန် ကျေးရွာများဆီသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လျန်ဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Zhaojue ခရိုင်ရှိ ရပ်ကွက်အတွင်း Zhaojue ရပ်ကွက်နှင့် မူကြိုကျောင်းကို တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျန်ဆန်းစီရင်စု၌ ဆင်းရဲနွမ်းပါးသူဦးရေ ၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောကြားချက်အရ သိရသည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ် တိုက်ဖျက်ရန် ရည်မှန်းချက်ချထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.