တိုကျို၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဝါကာရာမစီရင်စု နှင့် နီးကပ်နေသော ကီးကျွန်းဆွယ် အလွန်တွင် ကနဦးတိုင်းတာချက်အရ အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက မတ် ၁၃ ရက် တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh သည် မြောက်ကိုရီးယားအမျိုးသား အသတ်ခံရမှုတွင် ပါဝင်သည့် ဗီယက်နမ်အမျိုးသမီး အား တရားစီရင်မှု နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အား တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ ယင်းအမျိုးသမီးအား ပြန်လွှတ်ပေးရန် မလေးရှားနိုင်ငံကို...
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေသည့် ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်သည့်အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက် အား ကျန်းမာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လာဂို့စ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် ရှိ တပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင်များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လက်နက်ကိုင် အမျိုးသား ၅၅ဦးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က မတ် ၁၂ ရက်တွင်ပြောကြားခဲ့သည်။
ကာရာကတ်စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံအတွင်း ကျန်ရှိနေသည့် အမေရိကန် သံတမန်များ၏ နေထိုင်ခွင့်ကာလကို ထပ်မံတိုးမြှင့်ပေးတော့မည်မဟုတ်ဘဲ ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဗင်နီဇွဲလား အစိုးရက မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။