Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် မိုးကြီးရေလျှံမှုကြောင့် လူ ၅ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဟနွိုင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် လူ ငါးဦးသေဆုံးပြီး အခြားသူ သုံးဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက ပြောကြားခဲ့သည်။

အလယ်ပိုင်း Quang Tri ပြည်နယ်တွင် လူတစ်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေပြီး အလယ်ပိုင်း ကုန်းမြင့်ဒေသဖြစ်သော Gia Lai ပြည်နယ်တွင်မူ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ကော်မတီ၏ အောက်တိုဘာ ၈ ရက်က နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

 ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာမှ ဒေသခံများကို ကယ်ဆယ်ရေးသမားများက ပြောင်းရွှေ့ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာမှ ဒေသခံများကို ကယ်ဆယ်ရေးသမားများက ပြောင်းရွှေ့ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေလျှံနေသည့်လမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးဖြတ်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

 ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

နိုင်ငံမြောက်ပိုင်း Lao Cai ပြည်နယ်တွင်လည်း မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုကြီးဖြစ်ပွားခဲ့ရာ အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူ နှစ်ဦးသေဆုံးခဲ့သည်။

ထို့ပြင် Ha Tinh နှင့် Quang Nam ပြည်နယ်များ အပါအဝင် အလယ်ပိုင်းဒေသများ၌ အောက်တိုဘာ ၈ ရက်နှင့် ၁၀ ရက်ကြားတွင် မိုးရေချိန် ၂၅၀ မှ ၅၅၀ မီလီမီတာ ရွာသွန်းနိုင်ခြေရှိပြီး အချို့နေရာများတွင်မူ မိုးရေချိန် ၆၀၀ မီလီမီတာကျော် ရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာ ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူ ၉၃ ဦး ရှိပြီး ၂၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်မတီထံမှ သိရသည်။

အဆိုပါ ကာလများအတွင်း လေပွေတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင်း စီးပွားရေးအရ ဆုံးရှုံးမှုမှာ ဗီယက်နမ်ငွေ ဒေါင် ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၄ သန်း) ရှိကြောင်း ကော်မတီက ပြောကြားခဲ့သည်။  (Xinhua)