Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါစစ်ဆေးမှုစင်တာပေါင်း ၅၀၀ ခုထူထောင်ဖွင့်လှစ

-ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါ စစ်ဆေးမှုဆောင်ရွက်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိချိန်တွင် နိုင်ငံအတွင်း၌ COVID-19 ရောဂါ စစ်ဆေးမှုစင်တာပေါင်း ၅၀၀ ခု အားထူထောင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထုများ ပိုမိုလွယ်ကူချောမွေ့စွာ ရောဂါစစ်ဆေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ အနာဂတ်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ရောဂါစစ်ဆေးမှုစင်တာများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လန်ဒန်မြို့ရှိ တက္ကသိုလ် ၄ ခု ၏ ဓာတ်ခွဲခန်းတို့ကလည်း အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကာ ဗြိတိန်နိုင်ငံ၏ ရောဂါစစ်ဆေးမှုစွမ်းရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံအစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ စက်တင်ဘာ ၂၄ ရက် မှ ၃၀ ရက် အထိ တစ်ပတ်အချိန်အတွင်း ဗြိတိန် နိုင်ငံက လူပေါင်း ၁.၆ သန်းကျော်ကို COVID-19 ရောဂါ ကူးစက်မှုရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ကြောင်း ၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် COVID-19 ရောဂါ နောက်ကြောင်းခံမှုဆိုင်ရာ App သည်လည်း Download ပြုလုပ်သူ ၁၆ သန်းကျော်ရှိခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံအစိုးရ၏ အောက်တိုဘာ ၈ ရက်ထုတ်ပြန်ကြေညာချက်အရ ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၇,၅၄၀ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၅၆၁,၈၁၅ ဦးသို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)