Connect with us

WORLD

ချီလီနိုင်ငံက သက်ကြီးစောင့်ရှောက်ရေးဂေဟာများတွင် COVID-19 ကန့်သတ်ချက်များ လျှော့ချမည်

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ San Miguel တွင် COVID-19 စစ်ဆေးမှုအတွက် သက်ကြီးရွယ်အိုတစ်ဦးကို နှာခေါင်းတို့ဖတ်နမူနာယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Chilean Health Ministry/Handout via Xinhua)

ဆန်တီရာဂို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံက သက်ကြီးစောင့်ရှောက်ရေးဂေဟာတချို့တွင် COVID-19 ပျံနှံ့မှုလျှော့ချရေးကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ချီလီနိုင်ငံ သမ္မတကတော် Cecilia Morel က အောက်တိုဘာ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက် မှစတင်ပြီး အသွားအလာကန့်သတ်ထားခြင်းမရှိသော၊ ပြန်လည်ဖွင့်လှစ်မှု အဆင့် (၂) နှင့်အထက်ရှိသော ရပ်ကွက်များအတွင်းရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး ဂေဟာအတွင်းနေထိုင်သူတစ်ဦးလျှင် အများဆုံး ဧည့်သည်နှစ်ဦးစီဖြင့် တစ်ပတ်လျှင် နှှစ်ကြိမ် လာရောက်လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း Morel ကသတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဂေဟာများသို့ လာရောက်လည်ပတ်သူများအနေဖြင့် ကျန်းမာရေးထောက်ခံချက် ရှိထားရန်လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုအသစ်များသည် ယင်းနယ်ပယ်အတွင်းမှ သက်ကြီးရွယ်အိုစောင့်ရှောက်သူနှင့် အခြားဝန်ထမ်း ၁၈,၀၀၀ ဦးနှင့်အတူ နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အို ၂၂,၀၀၀ ခန့်အပေါ်သက်ရောက်မည်ဟု ခန့်မှန်းထားသည်။

ချီလီနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်မှုအသစ် ၁,၅၇၅ ရှိခဲ့သဖြင့် နိုင်ငံတစ်ဝန်းတွင် စုစုပေါင်း ကူးစက်ခံရသူ ၄၇၆,၀၁၆ ဦးရှိလာပြီး သေဆုံးသူအနေဖြင့် ၇၇ ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း  ၁၃,၁၆၇ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117