ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း လာအိုနိုင်ငံမှ တရုတ်သို့ တင်ပို့သည့် ပို့ကုန်များမှာ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းနေကြောင်း Vientiane Times လာအိုနေ့စဉ်သတင်းစာက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်များနှင့် ပတ်သက်ပြီး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန်အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က တရုတ် နိုင်ငံ ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး တွင် ဆောင်ရွက်သည့် ကြိုးပမ်းအားထုတ်မှု များ ကို အပြည့်အဝ ထောက်ခံ...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများ၌ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ချို့နေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ လ ၈ ရက် မှ စကာ ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။