လန်ဒန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) လန်ဒန်မြို့အမှတ်(၁ဝ) ဒေါင်းနင်းလမ်း(Downing street) ရှိ ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်၌ ဝန်ကြီးချုပ် ထရီဇာမေအားလုပ်ကြံရန် ကြိုးပမ်းသူ အကြမ်းဖက်သမားနှစ်ဦးကို ဗြိတိန်နိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်သတင်းစာများ က ဒီဇင်ဘာ ၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။(Xinhua) လန်ဒန်မြို့အမှတ်(၁ဝ) ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်အိမ်တော်...
ရန်ကုန်၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် သားအိမ် အစားထိုးထားသော မိခင်မှ ပထမဆုံး ကလေး မွေးဖွားလိုက်ကြောင်း အမေရိကန် ဆရာဝန်များက ဒီဇင်ဘာလ ၄ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည် ရှိနေပြီး၊ နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဝူယွမ်၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီပြည်နယ် ဝူယွမ်စီရင်စုရှိ မြူနှင်းများဖုံးလွှမ်းနေသည့် ဟွမ်လင်းရွာ ၏ လှပမှုမြင်ကွင်းကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးခဲ့ပါသည်။ ရွာအတွင်းရှိ ဗိသုကာလက်ရာများမှာဟွေ့ကျိုး ယဉ်ကျေးမှုကို ထင်ဟပ်စေသည်။ မျက်စိပသာဒဖြစ်ဖွယ်လှပသောရှုခင်းများဖြင့် ဟွမ်လင်းရွာ၏အလှအပကို video ထဲတွင်ရှုစားနိုင်ပါသည်။(Xinhua)