ရှန်ရှီး၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးပြည်နယ်တွင် 5D နည်းပညာအသုံးပြုကာ ဖြတ်သန်းသွားလာနိုင်မည့် မှန်တံတားကြီးကို အများပြည်သူများလာရောက် လည်ပတ်နိုင်ရန်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အရှည် ၁၆၈ မီတာရှိပြီး ၂ မီတာအကျယ်ရှိကာ အောက်ခြေမှ အမြင့်ပေ ၁ဝ၈ မီတာ အထက်တွင် တည်ဆောက်ထားသောမှန်တံတားတစ်စင်းလည်းဖြစ်သည်။ အလေးချိန် ၆ တန်ကို ခံနိုင်ရည်ရှိပြီး...
ကန်းစု၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ယန်ကျင်းကော ဆိုသည့် အနုပညာရှင်တစ်ဦးသည် ဥခွံအမျိုးမျိုးပေါ်တွင် ပန်းချီဆွဲခြင်း ဥခွံများဖြင့် ပန်းပု အနုပညာ ထုလုပ်ခြင်းတို့ကို လက်ရာမြောက်စွာပြုလုပ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ အနုပညာလက်ရာမြောက် ဖန်တီးထားသည့် ဥခွံများကို အမှတ်တရ စုဆောင်းသိမ်းဆည်းပြသထားကြောင်းသိရသည်။ (Xinhua)
ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ဂူအတွင်း ပိတ်မိနေဆဲဖြစ်သော လူငယ်ဘောလုံးအသင်းမှ ယောကျ်ားလေးများအား ဂူအပြင်သို့ ရောက်ရှိရေး ဒုတိယအဆင့် ကယ်ဆယ်ရေးလုပ်ငန်းများအား ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံ စိုက်ပျိုးဧက ၇၁,၈၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရီယာ့ဒ်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အကြမ်းဖက်သမားများက ဆော်ဒီလမ်းစစ်ဆေးရေးဂိတ်တစ်ခုကို ဇူလိုင်လ ၈ ရက်က တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။