Connect with us

Environment, Disasters & Accidents

စက်တင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၅ ကြိမ်လှုပ်ရှားမှုဖြစ်ပွားခဲ့

ငလျင်လှုပ်ရှားမှုပြလှိုင်းကြိမ်နှုန်းပုံအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

စက်တင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး၌  စုစုပေါင်း ငလျင် ၁၅ ကြိမ်လှုပ်ရှားခဲ့ကြောင်း၊ သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၃ ကြိမ်လျော့နည်းခဲ့ကြောင်း  မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းမင်းဦး ကယနေ့ အောက်တိုဘာ ၂ တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

“စက်တင်ဘာလမှာ လှုပ်ရှားခဲ့တဲ့ ငလျင်တွေ က အင်အား အနည်းငယ်ငလျင်တွေပဲ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာလမှာလှုပ်ခဲ့တဲ့ငလျင်တွေနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတွေ မရှိခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

လှုပ်ရှားခဲ့သည့် ၁၅ ကြိမ်တွင် ပြည်တွင်း ၌ ၁၃ ကြိမ် လှုပ်ရှားခဲ့ပြီး၊ မြန်မာ့ပင်လယ်ပြင်၌ ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း၊  စက်တင်ဘာလတွင် လှုပ်ရှားခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ချင်းပြည်နယ် တို့တွင် လှုပ်ရှားခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ တွင်လှုပ်ရှားခဲ့သည့် ငလျင်များသည်  အင်အားရစ်(ခ်)တာစကေး ၃ ဒဿမ ၀  မှ ၄ ဒဿမ ၉ အကြား အသီးသီး ရှိခဲ့ကြောင်း သိရသည်။သြဂုတ်လတွင် တစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၈ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။  (Xinhua)